fbpx

Main Dish

ရှူးရှဲ U.S. အာလူးချောင်းကြော်

  • No Reviews
  • Serves: 4
Share on Print

Ingredients

  • U.S. Frozen Crinkle Cut − ၇၀၀ ဂရမ်
  • ငရုတ်သီးအကြမ်းမှုန့် − ထမင်းစားဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ − ၈ မွှာ
  • ငါးငံပြာရည် − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား − လက်ဖက်ရည်ဇွန်းတစ်ဝက်
  • အာလူးကြော်ရန်ဆီ − မိမိလိုသလောက်

Preparation

ပြင်ဆင်ရန်

  • ကြက်သွန်ဖြူများကို အခွံနွှာပြီး မညက်တညက် ထောင်းထားပါ။

အာလူးကြော်ရန်

  • ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  • အထုပ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း ဆီပူလာလျှင် အေးခဲနေသော အာလူးချောင်းများကို ရေခဲသေတ္တာထဲမှ ထုတ်ကာ ချက်ချင်း ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
  • အာလူးချောင်းများ ရွှေညိုရောင်သမ်းလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။

ရှူးရှဲအာလူးချောင်းကြော် ပြုလုပ်ရန် 

  • ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းခန့်ချန်ပြီး ဆီပူလာလျှင် မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူများကို ထည့်ကာ မွှေးလာသည်အထိ ဆီသတ်ပါ။
  • မွှေးလာလျှင် ငရုတ်သီးအကြမ်းမှုန့်၊ ငါးငံပြာရည်နှင့် ဆားတို့ကို ထည့်ကာ သမအောင် စက္ကန့် ၃၀ ခန့် မွှေပါ။
  • နောက်ဆုံးတွင် ကြော်ပြီးသား အာလူးချောင်းကြော်များကို ဆီသတ် ငရုတ်သီးအနှစ်ထဲသို့ထည့်ပြီး သမအောင် မွှေကြော်ပေးပါ။
  • အစပ်အရသာများအားလုံး အာလူးချောင်းများပေါ်တွင် နှံ့စပ်ပြီဆိုလျှင် ပွဲပြင်မည့်ပန်းကန်ထဲသို့ ပြောင်းထည့်ကာ စားပြီးရင်းစားချင် ဖြစ်စေနိုင်တဲ့ ရှူးရှဲအာလူးချောင်းကြော်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.