fbpx

Main Dish

ထိုင်းစတိုင် အုန်းနို့ကြက်သားအာလူး

  • Ready Time: 70min
    No Reviews
  • Prep Time: 30min
    Cook Time: 40min
  • Potato Type: Reds
    Cuisine: Thai
  • Serves: ၃
    Prep Method: Baked
Share on Print

Description

Recipe by: Happy and Harried

အရသာရှိတဲ့ထိုင်းဟင်းခတ်အမွှေးအကြိုင်၊အုန်းနို့ကို Oven ထဲမှာမီးကင်ခြင်းက အရည်အရွှမ်းဆုံးကြက်သားနဲ့ အနူးညံ့ဆုံးအာလူးကို ရရှိစေပါတယ်။ ညစာအတွက် ကြက်ကင်နဲ့အာလူးကိုမကြိုက်တဲ့သူ ဘယ်သူရှိမလဲ။

Ingredients

အသားနှပ်ရန် ပါဝင်ပစ္စည်းများ

  • ငရုတ်သီးမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် (အနက်) - ထမင်းစားဇွန်း ၁ ဇွန်း
  • ဇီရာမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းများ

  • U.S. Fresh Red Potatoes - ၆ လုံး (လေးစိတ်စိတ်ထား)
  • ကြက်ပေါင် (အရိုးပါ) - ၃ တုံး
  • ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ - ၁/၄ ခွက် (ပါးပါးလှီးထား)
  • ကြက်သွန်ဖြူ - ၄-၅ မွှာ (ဓားပြားရိုက်ထား)
  • ချင်း - ထမင်းစားဇွန်း ၂ ဇွန်း (လှီးထား)
  • ငရုတ်သီးစိမ်း - ၂ တောင့် (အရှည်လိုက်လှီးထား)
  • အုန်းနို့ - ၁ခွက်နှင့်တစ်ဝက်
  • ပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း လေးပုံတစ်ပုံ
  • ဆား - အနည်းငယ်
  • နံနံပင် - ၃-၄ ပင်
  • သံပုရာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အာလူးအမျိုးအစား - အာလူးနီ

Preparation
Prep Time: 30min | Cook Time: 40min

ပြုလုပ်ပုံအဆင့်ဆင့်

  • အသားနှပ်ရန်ပါဝင်ပစ္စည်းများကို ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရောထားပါ။
  • Oven ကို ၃၅၀F အပူချိန်ကြိုပေးထားပါ။
  • မီးကင်ရန်ဗန်းထဲတွင် အာလူးနီများကို ဆီတစ်ဇွန်း ၊ ရောထားသော ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်ဖြင့် ရောနယ်ထားပါ။ တခြားပါဝင်ပစ္စည်းများကို ပြင်ဆင်နေချိန်တွင် အာလူးကို Oven ထဲ ၁၅-၂၀ မိနစ်ခန့် မီးကင်ထားပါ။
  • အသားနှပ်ရန်ဟင်းခတ်အမွှေးအကြိုင်အရောကို ကြက်သားအနှံ့နယ်လိုက်ပါ။
  • ဒယ်အိုးအကြီးတစ်ခုထဲတွင် ဆီကိုအပူပေးပြီး ကြက်သားကို အရေခွံရှိသည့်ဖက်ကို စပြီး အနည်းငယ်အညိုရောင်သမ်းလာသည်အထိ ၅ မိနစ်ခန့်ကင်ပါ။ နောက်တစ်ဖက်လှန်ပြီး အလားတူကင်ပါ။ ကြက်သားကို ပန်းကန်တစ်ခုထဲပြောင်းထည့်ထားပါ။
  • ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ချင်း နှင့် ငရုတ်သီးတို့ကို အိုးထဲထည့်ပြီး အနည်းငယ်နွမ်းပြီး မွှေးလာသည်အထိ ဆီသတ်ပါ။
  • အုန်းနို့ ၊ ပဲငံပြာရည် ၊ ငါးငံပြာရည်တို့ထည့်ပြီး အရသာအတွက်ဆားအနည်းငယ်ထည့်ပါ။ ပဲငံပြာရည်နှင့် ငါးငံပြာရည် သုံးထားပြီးဖြစ်သည့်အတွက် ဆားထည့်သည့်အခါ အနည်းငယ်သာထည့်ပါ။
  • မီးကင်ထားသောကြက်သားကို အိုးထဲပြန်ထည့်ပါ၊ အာလူးကို Oven ထဲမှထုတ်ပြီး ကြက်သားအိုးထဲရောထည့်လိုက်ပါ။ နံနံပင်အုပ်ပါ။
  • အိုးကို Oven ထဲထည့်သုံးနိုင်သည့်အဖုံး သို့မဟုတ် သတ္တုလွှာအပြားဖြင့်အုပ်ပြီး Oven ထဲ မိနစ် ၂၀ ခန့် မီးဖုတ်ပါ။ အဖုံးမပါဘဲ နောက်ထပ် ၁၀-၁၅မိနစ် သို့မဟုတ် ကြက်သားနှင့်အာလူးများနူးသည်အထိ ထပ်မီးဖုတ်ပါ။ အရေခွံကြွပ်ရွနေအောင် နောက်ဆုံး ၂-၃မိနစ်ကို မီးကင်ပါ။
  • အိုးကို Oven ထဲမှထုတ်ပြီး နံနံပင်များကို ဖယ်လိုက်ကာ သံပုရာရည်ဆမ်းပါ။

ကြက်သားနှင့်အာလူးကို တည်ခင်းမည့်ပန်းကန်ထဲသို့ပြောင်းထည့်ပါ။ အုန်းနို့အနှစ်ကိုစစ်ပြီး ကြက်သားအာလူးနှင့်အတူတည်ခင်းပါ။ ပေါင်မုန့်သို့မဟုတ် ထမင်းနှင့် ပူပူနွေးနွေးတည်ခင်းပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.