Description
အရောင်စုံလှပပြီး မွှေးကြိုင်တဲ့ဟင်းခတ်အမွှေးအကြိုင် ၊ အရသာဆိမ့်ဆိမ့်ရှိတဲ့ဒီ Smashed pea-tatoes ဟင်းပွဲက ဘယ်အားလပ်ရက်စားပွဲတွေအတွက်မဆို လိုက်ဖက်တဲ့ဟင်းပွဲတစ်ခုဖြစ်ပါတယ်
Ingredients
ပါဝင်ပစ္စည်းများ
- လက်ချောင်းသဏ္ဍာန်အာလူး - ၁ ပေါင်
- သံလွင်ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
- အေးခဲပဲစေ့ - ၁ ခွက်
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- Rosemary အခြောက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခြစ်ထားသော Parmesan ချိစ် - ထမင်းစားဇွန်း ၁-၂ ဇွန်း
Preparation
Prep Time: 5min | Cook Time: 25min
ပြုလုပ်ပုံအဆင့်ဆင့်
- Oven ကို ၄၅၀F အပူချိန်ကြိုပေးထားပါ။ မုန့်ဖုတ်ဗန်းကို ဆီစိမ်စက္ကူခင်းထားပါ။
- အာလူးကို Microwave ထဲတွင် ထည့်အသုံးပြုနိုင်သည့်ပန်းကန်လုံးထဲထည့်ပြီး စက္ကူဖြင့်အုပ်ထားပါ။ နူးညံ့လာသည်အထိ ၃-၄ မိနစ်ခန့် Microwave ထဲထည့်ချက်ပါ။
- အာလူးများကို ပြင်ဆင်ထားသော မုန့်ဖုတ်ဗန်းပေါ်တင်ပြီး ခက်ရင်းတစ်ချောင်းဖြင့်အာလူးများကို ခြေထားပါ။
- သံလွင်ဆီဆမ်းပြီး ပဲစိမ်း ၊ ဆား ၊ Rosemary နှင့် ချိစ်တို့ကို အပေါ်မှဖြူးပါ။
- ကြွပ်ရွပြီး ရွှေရောင်သမ်းလာသည်အထိ ၁၈-၂၀ မိနစ်ခန့်မီးကင်ပါ။