fbpx

Main Dish

Three Way Fusion U.S. Mashed Potatoes with Poached Quail Egg

  • Ready Time: 35min
    No Reviews
  • Prep Time: 20min
    Cook Time: 15min
  • Cuisine: American
  • Serves: ၁ ယောက်စာ
    Prep Method: Boiled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes - ၆၀ ဂရမ်
  • နို့ - ၁၅၀ မီလီလီတာ
  • ဟင်းရွက်ပြုတ်ရည် - ၁၀ဝ မီလီလီတာ
  • လှီးထားသောကြက်သွန်နီ - ၂.၅ ဂရမ်
  • ဇာတိပ္ဖိုလ်သီး - ၃ ဂရမ်
  • ထောပတ် - ၁၂၀ ဂရမ်
  • Cooking Cream - ၂၅ ဂရမ်
  • သကြားမုန်လာဥ - ၂၀ ဂရမ်
  • ဖရုံသီး - ၂၀ ဂရမ်
  • ငုံးဥ - ၃ လုံး
  • ကြက်သွန်ဖြူ - ၂ ဂရမ်
  • ကြက်ဥအနှစ် - ၂ ခု
  • သံပုရာသီး - ၁ လုံး
  • ဒိုရီငါး - ၅၀ ဂရမ်
  • မြေအောင်းမှိုဆီ (Truffle Oil) - ၅ မီလီလီတာ

Preparation
Prep Time: 20min | Cook Time: 15min

ပြုလုပ်ပုံအဆင့်ဆင့်

  • အိုးအသေးလေးတစ်လုံးကိုအပူပေးပြီး ထောပတ် ၂၀ ဂရမ်ထည့်ကာ ကြက်သွန်နီ ၊ ကြက်သွန်ဖြူဆီပူထိုးပါ။ နွမ်းလာလျှင် ဟင်းရွက်ပြုတ်ရည်ထည့်ပါ။ ဆူလာလျှင် U.S. dehydrated potato flakes ထည့်ပြီး မွှေပါ။ နို့နှင့်ခရင်မ်ထည့်ပါ။ နောက်ဆုံးတွင် ဇာတိပ္ဖိုလ်သီးအမှုန့်ဖြူးပြီး အရသာအတွက် ဆား ၊ ငရုတ်ကောင်းထည့်ပါ။
  • သကြားမုန်လာဥကို ထောင်းပြီး အာလူးထောင်း ၂၀ ဂရမ်နှင့်ရောမွှေပါ။ ဖရုံသီးကိုလည်း ထိုနည်းအတိုင်းပြင်ဆင်ပါ။
  • ဒိုရီငါးထောင်းပြုလုပ်ရန်အတွက် ငါးကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ အာလူးထောင်းတို့ဖြင့် ရောပြီး ဆီပူထိုးပါ။ ပြီးလျှင် မြေအောင်းမှိုဆီထည့်ပြီး သမအောင်ရောမွှေပါ။
  • Poach လုပ်ထားသောငုံးဥများအား အာလူးထောင်းတစ်မျိုးစီပေါ်တွင်တင်ပြီး တည်ခင်းပါ။

 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.