fbpx

Main Dish

U.S. Crinkle Cut အာလူးချောင်း နှင့် မုန်ညှင်းချဉ်၊ ပဲပိစပ်အငံ ကြော်

  • Ready Time: 40min
    No Reviews
  • Prep Time: 10min
    Cook Time: 30min
  • Cuisine: Asian
  • Serves: 3-4
    Prep Method: Stir Fry
Share on Print

Ingredients

  • U.S. Frozen Crinkle Cut - ၁ ခွက်
  • ဝက်ဗိုက်သား (ခပ်ကြီးကြီး အမြှောင်းလိုက်လှီးထားပါ) - ၄၅၀ ဂရမ်
  • မြေပဲဆီ - ၁/၄ ခွက်
  • ကြက်သွန်နီ (ခပ်ပါးပါးလှီးထားပါ) - ၁ လုံး
  • မုန်ညှင်းချဉ်အစိမ်းထုပ် (ရေစစ်၊ အလည်ရိုးဖယ်ပြီး ပါးပါးလှီးထားပါ) - ၃၀၀ ဂရမ်
  • ငရုတ်သီးစိမ်း (ထက်ခြမ်းခြမ်းထားပါ) - ၅ တောင့်
  • ကြက်သွန်ဖြူ (လှီးထားပါ) - ၃ တက်
  • ချင်း (ပါးပါးအချောင်းလေးလှီးထားပါ) - ၁ လက်မ
  • ပဲပိစပ်အငံ - ထမင်းစားဇွန်း ၃ ဇွန်း
  • ဆား - ၁/၂ လက်ဖက်ရည်ဇွန်း
  • ရေ - ၁/၂ ခွက်
  • သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Preparation
Prep Time: 10min | Cook Time: 30min

ပြုလုပ်နည်း

  • ၁။ ဒယ်အိုးကို မီးအနေတော်ဖြင့်အပူပေးပါ။ ပြီးလျှင် ဆီ နှင့် ကြက်သွန်နီထည့်ပါ။ ၅ မိနစ်လောက် တည်ပါ၊ မကြာခဏမွှေပေးပါ၊ ကြက်သွန်အရောင်ကြည်ပြီး အိလာလျှင်ရပါပြီး။ ပြီးလျှင် ကြက်သွန်ဖြူ နှင့် ချင်းထည့်ပြီး တည်ပါ အနံ့မွှေးလာသည်အထိ ၂ မိနစ်လောက်တည်ပါ။ ပြီးလျှင် ဝက်သား ထည့်ပြီး ၄ – ၅ မိနစ်လောက် ထပ်ကြော်ပါ၊ ဝက်သား အရောင်အနည်းငယ်ညိုလာသည်အထိတည်ပါ။ ပြီးလျှင်ငရုတ်သီးထည့်ပြီး ၁ မိနစ်လောက်ထပ်ကြော်ပါ။ ‌ရေထည့်ပြီး ဆူပွတ်လာအောင်တည်ပါ၊ ‌ရေအနည်းငယ်ခမ်းပြီး ဝက်သုံးထပ်သားမှ အဆီများတက်လာပြီး အိုးထဲအဆီဝှေ့လာသည်အထိတည်ပါ။ ပြီးလျှင် မုန်ညှင်းချဉ်များထည့်ပြီး သေချာနှံ့အောင်မွှေပါ၊ အတော်ကြာကြာလေး အပူချိန်မျှတလာသည်အထိတည်ပါ။
  • ၂။ U.S အာလူးနှင့် ပဲပိစပ်အငံ များထည့်ပါ။ ခပ်ဖွဖွလေး မွှေပေးပါ၊ ပါဝင်ပစ္စည်းများ နှင့် အာလူးများ မကျိုးမပဲ့ စေပဲ အားလုံးရောသမအောင် ဒယ်အိုးကို လှုပ်လှုပ်ပေးပါ။ ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးအုပ်ကာ ၃ -၅ မိနစ်လောက် အာလူးအိတဲ့အထိတည်ပေးပါ။ မကြာခဏ ခပ်ဖွဖွလေးမွှေပေးပါ။ အရသာကို သကြားနှင့် ဆား ထည့်ပါ။

မုန်ညှင်းဖတ်များ အိပျော့ပြီး အရသာများ အားလုံးနှံ့လျှင် ဟင်းပွဲကအသင့်ဖြစ်ပါပြီး။ မီးဖိုပေါ်မှချပြီး၊ ထမင်းဖြူ (သို့) ဆန်ပြုတ်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါသည်။ 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.