fbpx

Main Dish

U.S Straight Cut Potato Lasagna

  • Ready Time: 75min
    No Reviews
  • Prep Time: 45min
    Cook Time: 30min
  • Serves: 3-4
    Prep Method: Baked
Share on Print

Ingredients

  • U.S. Frozen Straight Cut - ၄ ခွက်
  • extra-virgin သံလွင်ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
  • တောက်တောက်စင်း အမဲသား - ၄၅၄ ဂရမ်
  • အေးခဲနေသော ဟင်းသီးဟင်းရွက်စုံ - ၁/၂ ခွက်
  • ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ) - ၂ တက်
  • အီတလီ ဟင်းခတ်အရသာမှူန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား - အနည်းငယ်
  • လတ်ဆတ်ကြိတ်ထားသော ငရုတ်ကောင်းနက် - အနည်းငယ်
  • ခရမ်းချဉ်သီးအရည် - ၁ (၃၂ oz) ပုလင်း
  • ခရမ်းချဉ်သီးအနှစ် - ထမင်းစားဇွန်း ၁ ဇွန်း
  • သကြားညို - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရီကိုတာချီစ် - ၁ (၁၆- oz) ဘူး
  • ကြက်ဥအလုံးကြီး (ခလောက်ထားပါ) - ၁ လုံး
  • လတ်ဆတ်ခြစ်ထားသော ပါမန်ဆန်ချီစ် (ခွဲထည့်ထားပါ) - ၁/၂ ခွက်
  • မော်ဇီရီလာချီစ် (မွခြေထားပါ) - ၂ ခွက်
  • အီတလီ ဟင်းခတ်မှူန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အီတလီ ဟင်းခတ်အမွှေးအကြိုင်မှူန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Preparation
Prep Time: 45min | Cook Time: 30min

ပြုလုပ်နည်း 

  • ၁။ အာဗင်ကို ၃၇၅° ထားပြီး မုန့်ဖုတ်ခွက် ကို ဟင်းချက်ဆီဖြင့်ဖျန်းထားပါ။ အိုးအကြီးထဲဆီထည့်အပူပေးပါ။ ပြီးလျှင် အမဲသား၊ ဟင်းခတ်မှူန့်၊ ဆား နှင့် ငရုတ်ကောင်းများထည့်ပြီး ၈ မိနစ်လောက်တည်ပါ၊ သစ်သားဇွန်းခွက်ဖြင့် အသားများကိုခြေပေးပါ၊ အသားအထဲပန်း‌ရောင်သမ်းတာပျောက်သည် အထိတည်ပါ။
  • ၂။ အမဲသားများကို အိုးထဲထည့်ပြီး မီးအနေတော်ဖြင့်တည်ပါ၊ ပြီးလျှင် ကြက်သွန်ဖြူ၊ အီတလီဟင်းခတ်မွှေးအကြိုင်မှူန့်များ ထည့်ပြီး အနံမွှေးလာသည်အထိ ၁ မိနစ်လောက်တည်ပါ။ ပြီးလျှင် ဟင်းသီးဟင်းရွက် အစုံရောထည့်ပြီး ဟင်းသီးဟင်းရွက်များ နူးအိသည်အထိတည်ပါ။ ပြီးလျှင် ခရမ်းချဉ်သီးအနှစ်၊ ခရမ်းချဉ်သီးအရည်၊ သကြားများထည့်ပြီး ပူပြီး ဆူသည်အထိ တည်ပါ။
  • ၃။ ရီကိုတာချီစ်၊ ကြက်ဉ နှင့် ၁/၄ ခွက် ပါမန်ဆန်ချီစ်၊ ဆား နှင့် ငရုတ်ကောင်းများကို ဇလုံအကြီးထဲထည့်ပြီး ရောသမမွှေပေးပါ။ ဘေးခဏဖယ်ထားပါ။
  • ၄။ အာလူးချောင်းများကို မုန့်ဖုတ်ခွက်ထဲ သေချာညီညာတစ်လွှာ စီထည့်ပါ၊ ပြီလျှင် အသားဆော့ကို ၁/၃ ပုံထည့်ပါ၊ ၁/၃ ပုံ ရီကိုတာချီစ်အနှစ်များထည့်ပြီး ခတ်ဖွဖွလေး ဇွန်းခွက်ဖင်ဖြင့်အသာဖိပါ အာလူးချောင်းကြားထဲအနှစ်များ ဝင်စေရန်၊ ၁/၂ ခွက် မိုဇာရီလာချီစ် များသေချာအနှံ့လိုက်ဖြူးပါ။ ပြီးလျှင် ကျန်ရှိအာလူးချောင်းများကိုထိုနည်း၎င်း ကျန်ရှိသော မိုဇာရီလာချီစ် နှင့် ၁/၄ ခွက် ပါမန်ဆန်ချီစ် တို့ဖြင့် ပြုလုပ်ပါ။
  • ၅။ အလူမီနီနမ် အပူခံ ငွေစက္ကူ ဖြင့်သေချာအလုံပိတ်ပြီး ၄၅ မိနစ်လောက်ဖုတ်ပါ၊ ထို့နောက် မိနစ် ၂၀ လောက် အပူခံ ငွေစက္ကူ ကိုဖယ်ပြီး ချီစ်ရွှေရောင်သန်းပြီး အာလူးချောင်းများ ခရင်းနှင့်ထိုးလျှင် အိလာသည်အထိဖုတ်ပေးပါ။
  • ၆။ အာဗင်ထဲမှ ထုတ်ပြီး ၁၀ မိနစ်လောက် ခဏထားပြီးမှ၊ မသုံးဆောင်ခင် ပါမန်ဆန်ချီစ်၊ လတ်ဆတ်ကြိတ်ထားသော ငရုတ်ကောင်းနက်တို့ဖြင့် ဖြူးစားပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.