Ingredients
ပါဝင်ပစ္စည်းများ
- U.S. Frozen Hash Brown Rounds - ၂၀၀ ဂရမ်
- လက်ဖက်အရွက်နုနု - ၁၀၀ ဂရမ်
- အကြော်စုံ (နှစ်ပြန်ကြော်) - ၁၅၀ ဂရမ်
- ဆလတ်ရွက် - ၁၀ ဂရမ်
- ငရုတ်သီးအနီ၊အစိမ်း - ၅ တောင့်
- ခရမ်းချဉ်သီး - ၅ လုံး
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မြေမဲဆီသန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
- ပုဇွန်ခြောက် - ၁၀ ဂရမ်
- ကြက်သွန်ဖြူအသေး - ၁၀ မွှာ
- မြေပဲနီကြော် - ၁၀ ဂရမ်
Preparation
ပြုလုပ်နည်းအဆင့်ဆင့်
- U.S. Frozen Hash Brown Rounds ကို ဆီအပူချိန် ၁၈၀°C တွင် ရွှေညိုရောင်ရသည်အထိ ကြော်ပြီး ဆီစစ်ထားပါ။
- သန့်စင်ပြီးသားလက်ဖက်နှင့်အကြော်စုံများကို အရသာထည့်၊ ဆီထည့်ပြီး နယ်ထားပါ။
- ဆလတ်ရွက် နှင့် ငရုတ်သီးတို့ကို သန့်စင်ထားပါ။
ခရမ်းချဉ်သီးနှင့် ကော်ပြန့်ခွက်ပြုလုပ်နည်း
- ကြော်ပြန့်ရွက်ကို အဝိုင်းပုံညှပ်ကာ ကတ်ကြေးဖြင့် အချွန်လေးများပြုလုပ်ပြီး ခွက်ပုံဖြစ်အောင် ပြုလုပ်ပါ။ ဆီပူထဲတွင် (၁) မိနစ်ခန့်ကြော်ပြီး ဆီစစ်ထားပါ။
- ခရမ်းချဉ်သီးကို သုံးပုံတစ်ပုံနီးပါး အပေါ်မှလှီးပြီး အစေ့ထုတ်ကာ ရေစစ်ထားပါ။
ပန်းကန်ပေါ်တွင် ပြင်ဆင်ခြင်း
- ပန်းကန်ပေါ်တွင် ကော်ပြန့်နှင့် ခရမ်းချဉ်သီးခွက်တင်ပြီး ထိုခရမ်းချဉ်သီးထဲသို့ နယ်ထားသောလက်ဖက် နှင့် အကြော်စုံထည့်ပါ။ အပေါ်တွင် ကြော်ထားသောအာလူးထည့်ပြီး ဆလတ်ရွက်၊ ငရုတ်သီး နှင့် ပုဇွန်ခြောက်တို့ကို လိုသလိုအလှဆင်ပြီး တည်ခင်းကျွေးမွေးနိုင်ပါသည်။