fbpx

Snack

U.S. အာလူးအကြွပ်ကြော်နှင့် မြန်မာ့ရိုးရာလက်ဖက်ခရမ်းချဉ်သီးသုပ်

  • No Reviews
  • Serves: 3-4
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Hash Brown Rounds - ၂၀၀ ဂရမ်
  • လက်ဖက်အရွက်နုနု - ၁၀၀ ဂရမ်
  • အကြော်စုံ (နှစ်ပြန်ကြော်) - ၁၅၀ ဂရမ်
  • ဆလတ်ရွက် - ၁၀ ဂရမ်
  • ငရုတ်သီးအနီ၊အစိမ်း - ၅ တောင့်
  • ခရမ်းချဉ်သီး - ၅ လုံး
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မြေမဲဆီသန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပုဇွန်ခြောက် - ၁၀ ဂရမ်
  • ကြက်သွန်ဖြူအသေး - ၁၀ မွှာ
  • မြေပဲနီကြော် - ၁၀ ဂရမ်

Preparation

ပြုလုပ်နည်းအဆင့်ဆင့်

  • U.S. Frozen Hash Brown Rounds ကို ဆီအပူချိန် ၁၈၀°C တွင် ရွှေညိုရောင်ရသည်အထိ ကြော်ပြီး ဆီစစ်ထားပါ။ 
  • သန့်စင်ပြီးသားလက်ဖက်နှင့်အကြော်စုံများကို အရသာထည့်၊ ဆီထည့်ပြီး နယ်ထားပါ။ 
  • ဆလတ်ရွက် နှင့် ငရုတ်သီးတို့ကို သန့်စင်ထားပါ။ 

ခရမ်းချဉ်သီးနှင့် ကော်ပြန့်ခွက်ပြုလုပ်နည်း

  • ကြော်ပြန့်ရွက်ကို အဝိုင်းပုံညှပ်ကာ ကတ်ကြေးဖြင့် အချွန်လေးများပြုလုပ်ပြီး ခွက်ပုံဖြစ်အောင် ပြုလုပ်ပါ။ ဆီပူထဲတွင် (၁) မိနစ်ခန့်ကြော်ပြီး ဆီစစ်ထားပါ။ 
  • ခရမ်းချဉ်သီးကို သုံးပုံတစ်ပုံနီးပါး အပေါ်မှလှီးပြီး အစေ့ထုတ်ကာ ရေစစ်ထားပါ။ 

ပန်းကန်ပေါ်တွင် ပြင်ဆင်ခြင်း

  • ပန်းကန်ပေါ်တွင် ကော်ပြန့်နှင့် ခရမ်းချဉ်သီးခွက်တင်ပြီး ထိုခရမ်းချဉ်သီးထဲသို့ နယ်ထားသောလက်ဖက် နှင့် အကြော်စုံထည့်ပါ။ အပေါ်တွင် ကြော်ထားသောအာလူးထည့်ပြီး ဆလတ်ရွက်၊ ငရုတ်သီး နှင့် ပုဇွန်ခြောက်တို့ကို လိုသလိုအလှဆင်ပြီး တည်ခင်းကျွေးမွေးနိုင်ပါသည်။ 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.