fbpx

Main Dish

U.S. Fried Burrito with Chicken, Cheese, Vegetables and Avocado Salsa

  • No Reviews
  • Cook Time: 20min
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Straight Cuts - ၂၀၀ ဂရမ်
  • ကြက်ရင်ပုံသား - ၁၀၀ ဂရမ်
  • ခရမ်းချဥ်သီး - ၁၀ ဂရမ်
  • ဆလပ်ရွက်စိမ်း - ၁၀ ဂရမ်
  • ချိစ် - ၅၀ ဂရမ်
  • Tortillas wraps - ၂ ချပ်
  • ထောပတ်သီး - ၁ လုံး
  • ငရုတ်သီးစိမ်းပါးပါးလှီး - ၃ တောင့်
  • သံပုရာသီး - ၁ ခြမ်း
  • နံနံပင်ပါးပါးလှီး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Cherry Tomato - အနည်းငယ်
  • မရိုးနိစ် - ၅၀ ဂရမ်
  • ပူဒီနာရွက် - ၅ ဂရမ်
  • ဆား - အနည်းငယ်
  • ငရုတ်ကောင်း - အနည်းငယ်
  • ဆီ - အနည်းငယ်

Preparation
| Cook Time: 20min

ပြုလုပ်ပုံအဆင့်ဆင့်

  • ကြက်ရင်ပုံကို ဆား ၊ ငရုတ်ကောင်းတို့နှင့်အရသာနယ်ပြီး အိုးထဲတွင်ထည့်ကင်ပြီး အအေးခံထားပါ။ အမြှောင်းဆိုဒ်လှီးထားပါ။ ဆလပ်ရွက်များကို သန့်ရှင်းအောင်ဆေးပြီးရေစစ်ထားပါ။
  • ခရမ်းချဥ်သီးကို အစေ့ထုတ်ပြီး အမြှောင်းရှည်လှီးထားပါ။ ချိစ်ကိုလည်း အလားတူလှီးထားပါ။
  • S. Frozen Straight Cutsကို ဆီအပူချိန် ၁၈၀°C တွင် ရွှေညိုရောင်သမ်းလာသည်အထိ ကြော်ပါ။ ဆီစစ်စက္ကူနှင့် ဆီစစ်ထားပါ။

Wrap လိပ်နည်းအဆင့်ဆင့်

  • Tortillas wrap ပေါ်တွင် မရိုးနိစ်သုတ်ပြီး ဆလပ်ရွက် ၊ ခရမ်းချဥ်သီး ၊ ကြက်သား ၊ ချိစ် ၊ ကြော်ထားသော S. အာလူးစသည့်တို့ကို အလွှာလေးများထပ်ပြီးလိပ်ပါ။ Grilled pan ကို မီးအပူပေးပြီး Pan ပေါ်တွင် မီးကင်ပါ။

Avocado Salsa ပြုလုပ်နည်း

  • ထောပတ်သီးကိုအခွံနွှာအစေ့ထုတ်ပြီး နုပ်နုပ်စဥ်းပါ သို့မဟုတ် ဇွန်းဖြင့်ချေပါ။ ငရုတ်သီး ၊ နံနံပင် ၊ သံပုရာရည် ၊ ဆား ၊ ငရုတ်ကောင်းထည့်ပြီး မွှေပါ။ အရသာမြည်းပါ။ ချဥ်ချဥ်စပ်စပ်ဆိမ့်ဆိမ့်အရသာရပါမည်။

ပန်းကန်ပေါ်တွင်ပြင်ဆင်နည်း

  • မီးကင်ထားသော Burrito wraps ကိုမိမိနှစ်သက်သလို လှီးဖြတ်နိုင်ပါသည်။ အာလူးကြော်အနည်းငယ်နှင့် ဆလပ်ရွက် ၊ Cherry tomato လေးများကို လိုအပ်သလိုအလှဆင်ပြီး Avocado Salsa နှင့်အတူတွဲဖက်တည်ခင်းနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.