fbpx

Main Dish Snack

U.S. Potatoes နှင့် ပင်လယ်စာမာလာရှမ်းကော

  • No Reviews
  • Serves: ၅
Share on Print

Ingredients

ပါ၀င်ပစ္စည်းများ

  • U.S. Frozen Fries - ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ - ၃ မွှာ
  • ငရုတ်သီးခြောက် - ၁၀ တောင့်
  • မာလာအနှစ် - ၁ ထုပ်
  • ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ပင်လယ်စာ - ၂၀၀ ဂရမ်
  • မုန်လာဥနီ - ၂၀၀ ဂရမ်
  • ပန်းဂေါ်ဖီစိမ်း - ၅၀ ဂရမ်
  • ပန်းဂေါ်ဖီဖြူ - ၅၀ ဂရမ်
  • မြေပဲနီကြော် - ၃၀ ဂရမ်
  • ပြုတ်ထားသောခေါက်ဆွဲ - ၁၀၀ ဂရမ်
  • ငုံးဥပြုတ် - ၁၀ လုံး
  • ကြာစွယ် - ၅၀ ဂရမ်
  • အပ်မှို - ၃၀ ဂရမ်
  • နှမ်းလှော် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းဖူးပြုတ် - ၁ ဖူး
  • နံနံပင် - အနည်းငယ်

Preparation

ပြုလုပ်ပုံ အဆင့်ဆင့်

  • ကြော်မည့်ဒယ်အိုးကို မီးအနေတော်ြဖင့်အပူပေးပြီး ဆီအနည်းငယ် ထည့်ထားပါ ။ ပြီးလျှင် ကြက်သွန်ဖြူ ထည့်၍ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ ။
  • ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် ပင်လယ်စာထည့်ပြီး ကြော်ပါ ။ ပင်လယ်စာ အနံ့မွှေးလာလျှင် ပါ၀င်သည့် အသီးအနှံများ ထည့်၍ ကြော်ပါ ။
  • အသီးအနှံများ နှင့် ပင်လယ်စာများ ကျက်ပြီးဆိုလျှင် ကြော်ထားသော S. အာလူး ၊ ခေါက်ဆွဲနှင့် မာလာဆော့ (စ်) တို့ကို ရောထည့်ကာ သေချာနှံစပ်အောင် မွှေပေးပြီး (၂) မိနစ်ခန့်ကြော်ပြီးလျှင် မြေပဲ ၊ နှမ်းစေ့ တို့ကိုထည့်ပြီး အထက်နှင့်အောက် ဖြည်းဖြည်းချင်း မွှေပေးပြီး အရသာမြည်းကြည့်ပါ ။ အနံ့ အရသာလိုအပ်လျှင် မိမိကြိုက်နှစ်သက်သလို အရသာများကို ထပ်ထည့်ပြီး မွှေပေးပါ ။
  • မိမိ ကြိုက်နှစ်သည့် အရသာရပြီဆိုလျှင် ပန်းကန်ထဲသို့ထည့်၍ ပါ၀င်သည့် အသီးအနှံများနှင့် ပင်လယ်စာများကို ပန်းကန်ထဲတွင် မိမိကြိုက်နှစ်သက်သလို အလှဆင်ပြီးလျှင်အပေါ်မှ နံနံပင် ၊ ငရုတ်သီးခြောက် ၊ မြေပဲ ၊ နှမ်း ၊ ကြက်သွန်ဖြူကြော်တို့ကိုဖြူးပြီး S. အာလူးမာလာရှမ်းကောကို တည်ခင်းဧည့်ခံကျွေးမွေးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.