fbpx

Dessert

U.S. Instant Mashed Potato နှင့် ဒိန်ချဉ်၊ သရက်သီး အေးခဲနေသောခွက်

  • No Reviews
  • Serves: 3-4
Share on Print

Ingredients

အာလူးမှူန့်နှင့်ဒိန်ချဉ်အနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ

  • U.S. Instant Mashed Potatoes - ထမင်းစားဇွန်း ၂ ဇွန်း
  • နွားနို့အပူ - ၁/၄ ခွက်
  • ရိုးရိုး ဒိန်ချဉ် - ၂၇၀ ဂရမ်
  • ပျားရည် - ၂ ၁/၂ ထမင်းစားဇွန်း
  • အုတ်ဂျုံများ - ၁ ခွက်
  • မြေပဲအနှစ် - ၁/၄ ခွက်
  • ပျားရည် - ၁/၂ ခွက်
  • သရက်သီး (အတုံးလေးတွေလှီးထားပါ) - ၁ လုံး

Preparation

ပြုလုပ်နည်း

  • ၁။ ဇလုံထဲ U.S. Instant Mashed Potatoes နှင့် နွားနို့အပူရောပြီး ပျှစ်လာသည်အထိမွှေပါ။ ပြီးလျှင် အာလူးအနှစ်၊ ဒိန်ချဉ် နှင့် ပျားရည်ကို ကြိတ်စက်ထဲထည့်မွှေပါ။
  • ၂။ နောက်ဇလုံတစ်ခုထဲ အုတ်ဂျုံ၊ မြေပဲအနှစ်၊ ပျားရည် များထည့်ပြီးသေချာရောသမပေးပါ။ ဒါကတော့ အုတ်ဂျုံ (ဂါနိုလာ) အောက်ခံကိုရရှိမှာဖြစ်ပါတယ်။
  • ၃။ မာဖင် (ကိတ်မုန့်လုံးများ) ဗန်းခွက်ထဲကို မာဖင်လုပ်လျှင်မကပ်အောင်ခံသော အတွင်းခွက်လေးများလိုက်ထည့်ပါ။ စားပွဲဇွန်း  ၁ -၂ ဇွန်း စီ အုတ်ဂျုံ အနှစ် (ဂါနိုလာ) ကို မာဖင်ခွက် ထဲ လိုက်ထည့်ပြီး သေသေချာချာအောက်အထိ ဖိပေးပါ။
  • ၄။ အုတ်ဂျုံ (ဂါနိုလာ) အပေါ်ကို အာလူး ဒိန်ချဉ်အရော ကို ထမင်းစားဇွန်း ၃ -၄ ဇွန်း ပုံထည့်ပါ။
  • ၅။ အာလူးဒိန်ချဉ် ခွက်များ အပေါ်ကို လှီးထားသော သရက်သီးအတုံးလေးများ တင်ပါ။
  • ၆။ သေချာလုံအောင် ငွေစက္ကူ ဖြင့်သေချာပတ်ပြီး ‌ရေခဲသေတ္တာ အအေးခန်းထဲတွင် ၂ -၃ နာရီ ‌လောက်အေးခဲထားပါ။
  • ၇။ အေးခဲစွာပဲထားရှိပြီး စားခံနည်းမှ မိနစ်အနည်းငယ် ကြိုထုတ်ထားပြီး စားပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.