fbpx

Side Dish

U.S. အာလူးထောင်း – လက်ဖက်စမူဆာ ၊ သရက်သီး နှင့် ပူဒီနာဒိန်ချဉ်ဆော့စ်

  • No Reviews
Share on Print

Description

ဤနာမည်ကြီးမနက်စာနှင့် တစ်နေ့တာလုံးတွင် တည်ခင်းစားသုံးနိုင်သောသရေစာကို မြန်မာနိုင်ငံအနှံ့အပြား - အထူးသဖြင့် လက်ဖက်ရည်ဆိုင်များတွင် ရရှိနိုင်သည်။ ဤချက်ပြုတ်နည်းတွင် U.S. Instant Mashed Potato ကို အသုံးပြုပြီး မတူညီသောဆော့စ်အမျိုးမျိုးဖြင့် မြန်မာစမူဆာကို လျင်လျင်မြန်မြန်ပြင်ဆင်နိုင်မည့်နည်းလမ်းကို ဖော်ပြထားသည်။

Ingredients

(၁) U.S. အာလူးထောင်းပြင်ဆင်ခြင်း

  • U.S. Instant Mashed Potato - ၁ ခွက်
  • ရေနွေးပူ - လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

(၂) မတူညီသော U.S. အာလူးထောင်းစမူဆာပြုလုပ်နည်း

  • လက်ဖက်နှပ်နှင့်နှစ်ပြန်ကြော် - ၁ ထုပ် (၆၅ဂရမ်)
  • လှီးထားသောငရုတ်သီး - ၂ တောင့် (အတောင့်သေး)
  • ချက်ထားသောပဲ - ၁၀၀ ဂရမ် (မနက်ခင်းစျေးတွင်ရနိုင်သောစားတော်ပဲများနှင့်လိုက်ဖက်သည်)
  • ဆားရေတွင်ပြုတ်ထားသောပုဇွန် - ၁၀၀ ဂရမ် (အခွံချွတ်ပြီး အတုံးလေးများတုံးထား)
  • လတ်ဆတ်သောနံနံပင် - ၂၀ ဂရမ်
  • အသင့်စားကော်ပြန့်ရွက် (သို့) စမူဆာရွက် - ၁၅ ရွက်
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
  • ရေအေး - ထမင်းစားဇွန်း ၂ ဇွန်း
  • ပဲဆီ - ၁ လီတာ

Preparation

ပြုလုပ်ပုံအဆင့်ဆင့်

  • မတူညီသောS. အာလူးထောင်းအဆာသွတ်သုံးမျိုးပြုလုပ်ရန်အတွက်
  • လက်ဖက်နှပ်၊ ငရုတ်သီးနှင့်နှစ်ပြန်ကြော်ကို ပထမအာလူးထောင်းပန်းကန်ထဲထည့်ပါ။
  • ပြင်ဆင်ချက်ပြုတ်ထားသောပဲပြုတ်ကို ဒုတိယ်အာလူးထောင်းပန်းကန်ထဲထည့်ပါ။
  • နောက်ဆုံးအာလူးထောင်းပန်းကန်ထဲတွင် ပြုတ်ထားသောပုဇွန်ကိုထည့်ပါ။ နံနံပင်လှီးထည့်ပါ။
  • ထိုအခါမတူညီသော S. အာလူးထောင်းအဆာသွတ်သုံးမျိုးရရှိပါလိမ့်မည်။
  • စမူဆာအရွက်များကိုစားပွဲပေါ်တွင်တင်ပြီး တစ်ရွက်စီတွင် မတူညီသော U.S. အာလူးထောင်းအဆာသွတ်များကို ထမင်းစားဇွန်း ၁ ဇွန်းကျထည့်ပါ။ (စမူဆာတစ်ရွက်လျှင် အဆာသွတ်တစ်မျိုး)။ ဘယ်ဖက်ထောင့်မှညာဖက်ထောင့်သို့ ခေါက်ပြီး တြိဂံပုံဖြစ်အောင်ပြုလုပ်ပါ။ စမူဆာအနားကိုပိတ်ရန် ပြောင်းကော်မှုန့်အရည်အနည်းငယ်သုတ်ပါ။ စမူဆာများကို ဗန်းတစ်ခုတွင်ထည့်ပြီး ခဏဖယ်ထားပါ။
  • အိုးတစ်လုံးထဲတွင် ပဲဆီကိုအပူပေးပြီး စမူဆာများရွှေရောင်သမ်းလာသည်အထိကြော်ပါ။

(၃)Mango Basil ဆော့စ်ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းများ

သရက်သီးမှည့် (အရသာပြင်းသောစိန်တစ်လုံး)            –           ၁ လုံး

သံလွင်ဆီ           –           ထမင်းစားဇွန်း ၁ ဇွန်း

လှီးထားသောပင်စိမ်း (နှစ်သက်ရာပင်စိမ်းအမျိုးအစား)  –           ထမင်းစားဇွန်း ၁ ဇွန်း

ဆား                  –           တစ်တို့စာ

  • သရက်သီးကို အခွံနွှာပြီး အစေ့ထုတ်ကာ အတုံးလေးများတုံးထားပါ။ ကြိတ်စက်ထဲတွင် သရက်သီးအတုံးလေးများ ၊ သံလွင်ဆီ၊ ပင်စိမ်းနှင့်ဆားတို့ထည့်ပြီး ရောမွှေပါ။ အဖတ်များမကျန်တော့ဘဲ ပြေပြစ်ပြီးညက်သွားသည်အထိ ၁ မိနစ်ခန့်ကြိတ်ပါ။

(၄)Mint-Yogurt ဆော့စ်ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းများ

အချိုမပါသောဒိန်ချဥ်         –           ၁/၂ ခွက်

လှီးထားသောလတ်ဆတ်သည့် Pepper Mint   –           ထမင်းစားဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူအမွှာ           –           ၁/၂ မွှာ

ဆားနှင့်ငရုတ်ကောင်း        –           တစ်တို့စာစီ

  • ပါဝင်ပစ္စည်းများအားလုံးကို ကြိတ်စက်ထဲရောထည့်ပြီး ဒိန်ချဥ်နှင့်အခြားပါဝင်ပစ္စည်းများ ရောညက်သွားသည်အထိ အရှိန်မြင့်မြင့်ဖြင့် ၁ မိနစ်ခန့်မွှေပါ။

(၅) မတူညီသောအဆာသွတ်များပါဝင်သည့်စမူဆာများကို ဆီပူထဲတွင် ရွှေရောင် – အညိုရောင်ဖျော့ဖျော့သမ်းလာပြီး ကြွပ်ရွလာသည်အထိ ကြော်ပါ။ ထို့နောက် အိုးထဲမှထုတ်ပြီး ဆီစစ်ထားပါ။ စမူဆာများသည် ကြွပ်ကြွပ်ရွရွ ပူပူနွေးနွေးစားသုံးလျှင်အရသာအရှိဆုံးဖြစ်သောကြောင့် မတည်ခင်းမီတွင် ခဏထပ်ကြော်ပါ။

(၆) တည်ခင်းပုံ

  • စမူဆာများကို ဗန်းသို့မဟုတ်ခြင်းပေါ်တွင် ဘူဖေးပုံစံအတိုင်း (စမူဆာအရသာအာလူးကို အတူတကွခင်းကျင်းထားပြီး မမျှော်လင့်သောအရသာများကိုမြည်းစမ်းနိုင်သည်) ပြင်ဆင်တည်ခင်းနိုင်သကဲ့သို့ အရသာအမည်များရေး၍လည်း တစ်မျိုးစီတည်ခင်းနိုင်ပါသည်။
  • ဆော့စ်နှစ်မျိုးကို ဖန်ချိုင့်ထဲထည့်ပြီး စမူဆာများဘေးတွင် ခင်းကျင်းထားပါ။
  • သို့မဟုတ် ပန်းကန်ပြား ၊ ခြင်းအသေးလေးများပေါ်တွင် စမူဆာအရသာတစ်မျိုးစီတင်ထားပြီး ဆော့စ်အတွက် ခွက်အသေးလေားများထည့်ထားပေးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.