Dessert
U.S. Instant Mashed Potatoes၊ ဒိန်ချဉ်နှင့် ထန်းလျက်ခဲတုံး
Ready Time: 70min
No Reviews
Prep Time: 5min
Cook Time: 10min
Cuisine: Asian
Serves: 3-4
Prep Method: Mashed
Ingredients
- U.S. Instant Mashed Potatoes - ၁ ၁/၂ ထမင်းစားဇွန်း
- နွားနို့ (အပူ) - ၁/၂ ခွက်
- ဒိန်ချဉ် - ၁ ဗူး (၁၃၅ ဂရမ်)
- ထန်းလျက်ခဲ (၄တုံးတုံးထားပါ) - ၄ တုံး
- ဆား - အနည်းငယ်
Preparation
Prep Time: 5min | Cook Time: 10min
ပြုလုပ်နည်း
- ၁။ မီးမျင်မျင်လေးဖြင့် နွားနို့ကို ဆူအောင်တည်ပြီး မီးပိတ်ပါ။ ပြီးလျှင် U.S. Instant Mashed Potatoes ထည့်ပြီးသေချာမွှေပေးပါ။
- ၂။ ပြီးလျှင် ဒိန်ချဉ်ကို အာလူးထဲထည့်ပြီးမွှေပါ။
- ၃။ ထမင်းစားဇွန်း ၁ ဇွန်းစာရှိ ရေခဲတုံးများ ခဲသောရေခဲခွက်လေးတစ်ခွက်စီကို အာလူးဒိန်ချဉ်အနှစ်များ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီသေချာလိုက်ထည့်ပြီး ရေခဲသေတ္တာ အအေးကန့်ထဲ ၁ မိနစ်လောက် ခဏထားပေးပါ။ ပြီးလျှင်ပြန်ထုတ်ပြီး ထန်းလျက်ခဲ ၁ တုံးထည့်ပါ၊ ပြီးလျှင်အပေါ်မှ အာလူးဒိန်ချဉ်အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ ထပ်ဖြည့်ပါ။ ပြီးလျှင် ရေခဲဗန်းကို အသာလေး ကောင်တာပေါ်မှာ ခေါက်ပေးပါ လေခိုနေမှူမရှိအောင်ပါ။ ပြီးလျှင် ရေသေတ္တာ ရေခဲသော အကန့်ထဲထည့်ပြီး ၁ နာရီ (သို့) တစ်ညသိပ် ထားပြီးခဲပါ။
- ၄။ စားဖို့လောက်ပဲ အာလူးဒိန်ချဉ်တုံးလေးများကို ထုတ်စားပါ။ အေးနေတုန်း ချက်ချင်းစားပေးပါ။