fbpx

Snack

U.S. Lattice Cut နှင့် မြန်မာဟင်းအစပ်အနံ့အရသာ အမဲသားဘာဂါ

  • No Reviews
  • Serves: 1-2
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Lattice Cut - ၂၀၀ ဂရမ်
  • အမဲကြိတ်သား - ၂၀၀ ဂရမ်
  • LP ဆော့စ် - ၂ စက်
  • Tabasco ငရုတ်သီးဆော့စ် - ၂ စက်
  • ကြက်ဥ - ၁ လုံး
  • ပေါင်မုန့်ခြောက် - စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းခတ်မဆလာမှုန့် - ၅ ဂရမ်
  • ငရုတ်သီးစိမ်းမှုန့် - ၂ ဂရမ်
  • ဆား - ၃ ဂရမ်
  • ငရုတ်ကောင်းမှုန့် - ၂ ဂရမ်
  • Mustard မုန်ညှင်းအနှစ် - ၃ ဂရမ်
  • ချိစ်အပြား - ၃ ချပ်
  • ခရမ်းချဉ်သီး - ၃ လုံး
  • ဆလတ်ရွက် - ၁၀ ဂရမ်
  • မရိုးနစ်ဆောစ့် - ၃၀ ဂရမ်
  • ကော့တေးဆော့စ် - ၃၀ ဂရမ်

Preparation

ပြုလုပ်နည်းအဆင့်ဆင့်

  • အမဲကြိတ်သားထဲသို့ LP ဆော့စ်၊ Tabasco၊ ကြက်ဥအနှစ်၊ မဆလာ၊ ငရုတ်သီးမှုန့်၊ ပေါင်မုန့်ခြောက်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး သေချာနှံ့စပ်အောင်နယ်ပါ။ မိမိကြိုက်နှစ်သက်သလို ပုံစံလေးပြုလုပ်ပြီး မီးဖိုပေါ်တွင် Pan Griller ဖြင့်ကင်ထားပါ။ 
  • U.S. Frozen Lattice Cut ကို ဆီအပူချိန် ၁၈၀°C တွင် ကြွပ်ကြွပ်လေးဖြစ်ပြီး ရွှေညိုရောင်သမ်းလာသည်အထိ ကြော်ပြီး ဆီစစ်ထားပါ။ 
  • ခရမ်းချဉ်သီးကို အကွင်းများလှီးပြီး ရေစစ်ထားပါ။ ဆလတ်ရွက်ကို သန့်စင်ထားပါ။ 

ကော့တေးဆော့စ်ပြုလုပ်နည်း

  • မရိုးနစ်ဆောစ့်၊ ငရုတ်သီးဆော့စ်၊ Tabasco နှင့် ဆား၊ ငရုတ်ကောင်းတို့ထည့်ပြီး အရသာမြည်းကြည့်ကာ ဆောစ့်ခွက်ထဲထည့်ထားပါ။ 

ပန်းကန်ပေါ်တွင် ပြင်ဆင်ခြင်း

  • ကြော်ပြီးသားအာလူးပေါ်တွင် မရိုးနစ်သုတ်ပြီး ဆလတ်ရွက်ခင်းပါ။ အပေါ်တွင် အကွင်းလှီးထားသော ခရမ်းချဉ်သီးတင်ပါ။ ပြီးလျှင်ကင်ထားသော အမဲသားတင်ပါ။ ထိုအမဲသားပေါ်တွင် ချိစ်အပြားတင်ပြီး Lattice Cut နှင့် ပြန်အုပ်ပါ။ မရိုးနစ်ဆော့စ်ကို ကြိုက်နှစ်သက်သလို အလှဆင်ပြီး ပန်းကန်ပေါ်တွင် ထိုအမဲသားဘာကာနှင့်အတူ ပြင်ဆင်ထားသော ကော့တေးဆော့စ်နှင့်လည်း တည်ခင်းကျွေးမွေးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.