fbpx

Side Dish

U.S. Lattice Fries Castle

  • No Reviews
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Lattice Fries - ၁၀၀ ဂရမ်
  • ဝက်သား/အမဲသား/ကြက်သားတောက်တောက်စဥ်း - ၅၀ ဂရမ်
  • Cheddar ချိစ် - ၃၀ ဂရမ်

Preparation

U.S. Lattice Fries Castle ကို ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့အရာတွေကတော့ U.S. Frozen Lattice Fries ၁၀၀ ဂရမ် ၊ တောက်တောက်စဥ်းထားတဲ့ အသား (ဝက်သား/ကြက်သား/အမဲသားဖြစ်စေ) နှစ်သက်ရာအသားနဲ့တည်ခင်းနိုင်ပါသည်။ တောက်တောက်စဥ်းထားတဲ့ ကြိတ်သားတွေကို ဟင်းပုံစံပြင်ဆင်ရပါမယ်။ မြန်မာဟင်းအရသာြဖစ်စေ ၊ အနောက်တိုင်းဟင်းအရသာြဖစ်စေ စိတ်ကြိုက်ချက်နိုင်ပါတယ်။ အဆီမများဘဲ ဟင်းအနှစ်က ပျစ်ပျစ်ခြောက်ခြောက်လေးဖြစ်နေရပါမယ်။ နောက်ဆုံးမှာ Cheddar ချိစ် သို့မဟုတ် မိမိနှစ်သက်ရာ ချိစ်တစ်မျိုးမျိုးကို ၃၀ ဂရမ်ခြစ်ထည့်ပါ။

ပြုလုပ်ပုံအဆင့်ဆင့်

  • S. Frozen Lattice Fries ကို မီးတအားမပြင်းစေဘဲ ဆီကြော်အိုးထဲ ရွှေအိုရောင်သမ်းလာသည်အထိကြော်ပါ။ အရောင်ကို ဂရုစိုက်ပါ။ တအားမကြွပ်စေပဲ ကြွပ်ရုံလေးကြော်ပြီး ဆီစစ်ထားပါ။ တအားကြွပ်သွားလျှင် နောက်တစ်ဆင့်ထပ်ချက်သောအခါ အာလူးတူးသွားနိုင်ပါသည်။
  • ဆီစစ်ထားသော U.S. Lattice Fries များကို ပန်းကန်လုံးသို့မဟုတ် ပန်းကန်ပြားပေါ်တွင် ပထမတစ်လွှာခင်းပါ။ ထို့နောက် ပြင်ဆင်ထားသောအသားဟင်းကို အပေါ်မှဖြန့်ထည့်ပေးပါ။ ခြစ်ထားသောချိစ်ပါးပါးဖြူးပါ။
  • S. Lattice Fries ကို နောက်တစ်လွှာထပ်ဆင့်ပါ။ အသားဟင်းအနည်းငယ်နှင့်ချိစ်ထပ်ထည့်ပါ။
  • အရှေ့တွင်ဖော်ပြထားသည့်အတိုင်း နောက်တစ်လွှာထပ်ဆင့်ပြီး နောက်ဆုံးအနေဖြင့် ချိစ်များများဖြူးပေးပါ။
  • Salamander သို့မဟုတ် Oven ထဲတွင် အရောင်တက်စေရန် ၅ မိနစ်ခန့်ထားပေးပါ။ ချိစ်သည်အနီရောင် သို့မဟုတ် ရွှေညိုရောင်သမ်းလာလျှင် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
  • တည်ခင်းရန်အတွက် ပါစလေစိမ်း ၊ ကြက်သွန်မြိတ်ကို နုပ်နုပ်စဥ်းပြီး အပေါ်ကဖြူးပေးနိုင်သကဲ့သို့ Paprika အမှုန့်လည်း ဖြူးပေးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe