Ingredients
ပါဝင်ပစ္စည်းများ
- U.S. Instant Mashed Potato Powder - ၃၇၅ ဂရမ်
- ထောပတ်အရည်ပျော် - ၁၅ ဂရမ်
- Cream Cheese (အခန်းအပူချိန်) - ၈၅ ဂရမ်
- ကြက်ဥအနှစ် - ၁ လုံး
- သကြား - ၉၀ ဂရမ်
- မြန်မာထန်းလျက် - ၃၀ ဂရမ်
- ခြစ်ထားသော Parmesan ချိစ် - ၆၀ ဂရမ် (Topping အဖြစ်အသုံးပြုရန်)
တွဲဖက်တည်ခင်းရန် သရက်သီးနှင့်ပူဒီနာဆော့စ်
- သရက်သီး - ၁ လုံး
- သံပုရာရည် - သံပုရာသီးတစ်ခြမ်း
- လှီးထားသောလတ်ဆတ်သည့် Peppermint - ထမင်းစားဇွန်း ၂ ဇွန်း
- Whipping Cream - ထမင်စားဇွန်း ၂ ဇွန်း
- လတ်ဆတ်သောပူဒီနာရွက် - အနည်းငယ်9ပြင်ဆင်ခြင်း - ပါဝင်ပစ္စည်းအားလုံးကို ကြိတ်စက်ထဲထည့်ပြီး အရှိန်ပြင်းပြင်းဖြင့် စက္ကန့် ၃၀ ခန့်ရောမွှေပါ။)
Preparation
ပြုလုပ်ပုံအဆင့်ဆင့်
- ဇလုံတစ်ခုထဲတွင် U.S. Instant Mashed Potato Powder ထည့်ပြီး ခလောက်တံဖြင့် ခလောက်ရင်း ရေနွေးကို ဖြည်းဖြည်းချင်းရောထည့်ပါ။ အလိုရှိပါကနွားနို့ထည့်သွင်းရောမွှေနိုင်ပါသည်)။ ညက်လာပြီဆိုလျှင် ပွလာသည်အထိ ၃-၅ မိနစ်ခန့်သမအောင်မွှေပါ။
- ပါဝင်ပစ္စည်းများအားလုံးကိုပြေပြစ်ညက်ညောသောအနှစ်ရရှိအောင်ရောမွှေပါ။ ယောက်မ သို့မဟုတ် Piping bag ဖြင့် ဆီသုတ်ထားသောပုံစံခွက် သို့မဟုတ် ခွက်ထဲထည့်ပါ။ Cupcake တစ်ခုချင်းစီပေါ်တွင် Parmesan ချိစ်ဖြူးပါ။
- ခွက်များကို ဗန်းတစ်ခုပေါ်တင်ပြီး ကြိုတင်အပူပေးထားသောOvenထဲထည့်ပါ။ (အပူချိန် ၃၅၀°F)
- အပူချိန် ၃၅၀°F တွင် မိနစ် ၃၀-၄၀ ခန့်မီးဖုတ်ပါ။ မုန့်သားကျက်မကျက်ကို သစ်သားသွားကြားထိုးတံဖြင့် စမ်းကြည့်ပါ။ Cupcake တစ်ခုထဲသို့ သွားကြားထိုးတံကိုထိုးစိုက်ကြည့်ပါ။ ပြန်ထုတ်လိုက်သောအခါ မုန့်သားများမပါလာလျှင် S. Mashed Potato Cupcake သည် စားသုံးရန်အသင့်ဖြစ်ပါပြီ။
- Oven ထဲမှထုတ်ပြီး မတည်ခင်းမီတွင် အအေးခံထားပါ။
- Cream ချိစ်နှင့် သရက်သီးပူဒီနာဆော့စ်ဖြင့်တည်ခင်းပါ။