fbpx

Appetizer

U.S. အာလူးထောင်းနှင့် ကိုးရီးယားစတိုင်ကြက်ကြော်အစပ်

  • Ready Time: 30min
    No Reviews
  • Prep Time: 15min
    Cook Time: 15min
  • Serves: 2
    Prep Method: Boiled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • ရေထုတ်ထားသော U.S. အာလူးမှုန့် - ၁၀၀ ဂရမ်
  • နို့ (သို့မဟုတ်) ရေ - ၅၀၀ မီလီလီတာ
  • ထောပတ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ရင်ပုံ - ၁၀၀ ဂရမ်
  • ကိုရီးယား ငရုတ်အနှစ် - ၁၀ ဂရမ်
  • ပျားရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကော်မှုန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်း - စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် (နုတ်နုတ်စဉ်း) - စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား
  • ငရုတ်ကောင်း
  • ရေအနည်းငယ်
  • ဆလတ်ရွက်

Preparation
Prep Time: 15min | Cook Time: 15min

  • U.S. အာလူးထောင်း ပြုလုပ်ရန်အတွက် နို့ဆူပွက်လာသည်အထိ မီးဖိုပေါ်တင်ပြီး ကျိုပါ။ ထို့နောက် ရေထုတ်ထားသော U.S. Potato Flakes များကို ထည့်ပြီး အဖုအလုံးများ ဖြစ်မနေစေရန် သမအောင် မွှေပေးပါ။ ထောပတ်၊ ဆားနှင့် ငရုတ်ကောင်းတို့ကို စိတ်ကြိုက်အရသာ ရရှိရန် ထည့်ပါ။
  • ကြက်ရင်ပုံသားကို အတုံးငယ်များ တုံးပြီး အရသာထည့်ပါ။ ကော်မှုန့်နှင့် ဂျုံမှုန့်ကို ရေအနည်းငယ် ထည့်မွှေပြီးနောက် ကြက်သားတုံးများကိုပါ ရောနယ်ပါ။ ထို့နောက် ဆီပူဒယ်ပြားထဲတွင် ကျက်သည်အထိ ကြက်သားကို ကြော်ပါ။
  • ကိုရီးယား ငရုတ်ဆော့စ် ပြုလုပ်ရန် ဒယ်ပြားကို အပူပေးပြီး ကိုရီးယား ငရုတ်အနှစ်ကို ရေအနည်းငယ်၊ ပျားရည်အနည်းငယ် ရော၍ထည့်မွှေပါ။ မီးအေးအေးတွင် ဆော့စ်ပျစ်လာသည်အထိ မွှေပါ။
  • ကြက်သားကြော်ကို ကိုရီးယား ငရုတ်ဆော့စ် ဆမ်းပြီး နှမ်းနှင့် ကြက်သွန်ဖြူများကို အပေါ်က ဖြူးပါ။
  • ဟင်းပွဲပြင်ရန်အတွက် U.S. အာလူးထောင်းနှင့် ကိုရီးယား ကြက်သားကြော်ကို ပန်းကန်ပြားပေါ်တွင် ထည့်ပြီးလျှင် ဆလတ်ရွက်ဖြင့် ပြင်ဆင်၍ နှမ်းနှင့် ကြက်သွန်မြိတ်များကို ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။ 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.