fbpx

Soup Main Dish

U.S. အားလူးစွပ်ပြုတ်၊ ပဲကြာဇံနှင့် ငါးဖယ်

  • Ready Time: 30min
    No Reviews
  • Prep Time: 15min
    Cook Time: 15min
  • Serves: 2
    Prep Method: Boiled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • ရေထုတ်ထားသော U.S. Potato Flakes - ၅၀ ဂရမ်
  • ငါးဖယ်အနှစ် - ၁၀ ဂရမ်
  • ပဲကြာဆံ (ရေစိမ်) - ၁၀ ဂရမ်
  • ရသာမှုန့်
  • ကြက်သွန်ဖြူ (နုတ်နုတ်စဉ်း) - ၅ ဂရမ်
  • ကြက်သွန်မြိတ် (နုတ်နုတ်စဉ်း) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီကြော် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ - ၂၅၀ မီလီလီတာ
  • နနွင်းမှုန့် အနည်းငယ်
  • ဆီ အနည်းငယ်

Preparation
Prep Time: 15min | Cook Time: 15min

  • ငါးဖယ်အနှစ်ကို အရသာထည့် ပြင်ဆင်၍ အပြားဝိုင်းလေးများလုံးပြီး ကြော်ပါ။ ကြော်ပြီးလျှင် အရှည်လိုက် လှီးထားပါ။
  • မီးဖိုပေါ် ဒယ်ပြားတင်၍ ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာလျှင် နနွင်းမှုန့်၊ ကြက်သွန်ဖြူ နုတ်နုတ်စဉ်း တို့ကိုထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပြီး ရေထည့်ပါ။ ရေဆူပြီဆိုလျှင် ရေထုတ်ထားသော U.S. Potato Flakes များကိုထည့်ပြီး သမအောင် မွှေပေးပါ။ ထို့နောက် ရသာမှုန့်နှင့် ရေစိမ်ထားသော ပဲကြာဆံများကို ထည့်ပြီး ခေါက်ဆွဲကျက်သည်အထိ ချက်ပါ။
  • အရသာပြင်ပြီးလျှင် ဟင်းရည်နှင့် ပဲကြာဆံများကို ပန်းကန်လုံးထဲတွင် ထည့်ပြီး ကြက်သွန်မြိတ် နုတ်နုတ်စဉ်း အနည်းငယ်နှင့် ကြက်သွန်နီကြော်တို့ကို ဖြူးပါ။ ငါးဖယ်ကြော်၊ ကြက်သွန်ကြော်နှင့် ကြက်သွန်မြိတ်တို့ကို ပန်းကန်အသေးတစ်ချပ်စီတွင် ထည့်ပြီးလျှင် တည်ခင်းသုံးဆောင်နိုင်ပါပြီ။ 

     

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.