fbpx

Snack

U.S. Potato & Egg Yolk Ravioli

  • Ready Time: 65min
    No Reviews
  • Prep Time: 45min
    Cook Time: 20min
  • Cuisine: Italian
  • Serves: ၂ ယောက်စာ
    Prep Method: Boiled
Share on Print

Ingredients

အာလူး puree လုပ်ရန်ပါဝင်ပစ္စည်း

  • U.S. Dehydrated Potato Flakes - ၂၀ဝ ဂရမ်
  • နွားနို့ - ၂၀ဝ ဂရမ်
  • ဟင်းရွက်ပြုတ်ရည် - ၂၀ဝ ဂရမ်
  • သံပုရာသီး - တစ်ဝက် (အခွံခြစ်ထား)
  • Parmesan Cheese - ခြစ်ထား
  • သံပုရာရည် - အနည်းငယ်

ပါစတာလုပ်ရန်ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် - ၃၀ဝ ဂရမ် (ဖြူးရန်အနည်းငယ်)
  • ကြက်ဥ - ၂ လုံး
  • ကြက်ဥအနှစ် - ၂ ခု
  • ကြက်ဥအနှစ် - ၁ ခု (အဆာသွပ်ရန်)

Preparation
Prep Time: 45min | Cook Time: 20min

ပြုလုပ်ပုံအဆင့်ဆင့်

  • အာလူးpurée လုပ်ရန်အတွက် ဟင်းရွက်ပြုတ်ရည်ကို ဆူအောင်တည်ပြီး U.S. Dehydrated Potato Flakes ထည့်မွှေပါ။ ထို့နောက် နွားနို့ကို ဖြည်းဖြည်းချင်းထည့်ပြီး အားလုံးသမပြီး လိုချင်သည့်အပျစ်အနေထားထိမွှေပါ။
  • ကျန်ပါဝင်ပစ္စည်းအားလုံးရောထည့်ပြီးမွှေပါ။
  • ပါစတာပြုလုပ်ရန်အတွက် ဇလုံတစ်ခုထဲတွင် ဂျုံမှုန့်များထည့်ပြီး အလယ်တွင် တွင်းတစ်ခုပြုလုပ်ထားပါ။ ကြက်ဥနှင့် ကြက်ဥအနှစ်များကိုထည့်ပြီး ခက်ရင်းဖြင့်မွှေပါ။ အပြင်ဖက်မှဂျုံမှုန့်များကို အလယ်ရောက်အောင်ထည့်ထည့်ပြီးမွှေပါ။ မုန့်နှစ်အလုံးရပြီဆိုလျှင် မျက်နှာပြင်တစ်ခုပေါ်တင်ပြီး ကျစ်လစ်ပျော့ပျောင်းလာသည်အထိ ၁၀-၁၅ မိနစ်ခန့် မုန့်သားနယ်ပေးပါ။ ပလတ်စတစ်နှင့်ပတ်ပြီး ၃၀ မိနစ်ခန့် နှပ်ထားပါ။
  • ပါစတာမုန့်သားကို ကိုင်တွယ်ရလွယ်အောင် အလုံးလေးများလုံးထားပါ။ တစ်ခုချင်းစီ ပါစတာလုပ်စက်ထဲထည့်ပါ။ (ကျန်မုန့်အလုံးများ မခြောက်သွားစေရန် ဖုံးထားပါ)။ စက်ကို အကျယ်ဆုံးအနေအထားတွင်အရင်ထားပြီးမှ အကျဉ်းအနေအထားကို တဆင့်ချင်းပြောင်းပါ။ ပါစတာများမကပ်နေအောင်နှင့် မပြဲသွားအောင် ပါစတာစက်နှင့် ပါစတာမုန့်သားကို ဂျုံမှုန့်သေချာဖြူးထားပါ။
  • ရလာသည့်ဂျုံသားအား အဝိုင်းပုံစဖြတ်ပြီး၊ အပေါ်တွင် ကြက်ဥအနှစ်တင်ပါ။ ပြီးပါက အပေါ်မှ နောက်ဂျုံအဝိုင်းဖြင့်ဖုံးပြီး အနားသားများကို လက်ချောင်းဖြင့်ဖိကပ်ပေးပါ။
  • ရေဆူဆူထဲတွင်ပါ Ravioli များထည့်ပြုတ်ပါ။ ပါစတာရေပေါ်သို့ပေါ်လာပါက ကျက်ပြီး စားသုံးရန်အသင့်အနေအထားဖြစ်ပါသည်။
  • တည်ခင်းမည့်ပန်းကန်လုံးတစ်ခုထဲ Ravioli ထည့်ပါ။ ပြီးနောက် အာလူး purée အား ဘေးပတ်ပတ်လည်တွင်ထည့်ပြီး တည်ခင်းဧည့်ခံပါ။

     

     

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.