fbpx

Breakfast/Brunch

U.S. Potato Puree

  • No Reviews
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Potato Flakes - ၅၀၀ ဂရမ်
  • ကြက်သွန်နီ - ၁ ဥ
  • ကြက်သွန်ဖြူ - ၁ မွှာ
  • နို့ - ၁၀၀ မီလီလီတာ
  • ခရင်မ် - ၅၀ မီလီလီတာ
  • ကြက်သား/အရွက်ပြုတ်ရည် - ၁ လီတာ
  • အာလူးအခွံ - ၅ ခု
  • Paprika အမှုန့် - ၁/၂ လက်ဖက်ရည်ဇွန်း

Preparation

ပြုလုပ်ပုံအဆင့်ဆင့်

  • Potato Puree ပြုလုပ်ရန်အတွက် ပထမဆုံး ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို နုပ်နုပ်စဥ်းပြီး သံလွင်ဆီအနည်းငယ်ဖြင့် ဆီသတ်ပါ။ ဆီသတ်သည့်အချိန်တွင် ကြက်သွန်နီနှင့်ကြက်သွန်ဖြူ အရောင် မပြောင်းသွားစေရန် မီးအေးအေးနှင့်ဆီသတ်ပါ။
  • ကြက်သားပြုတ်ရည် သို့မဟုတ် ဟင်းသီးဟင်းရွက်ပြုတ်ရည် ၁ လီတာထည့်ပါ။ အနည်းငယ်ဆူလာသောအချိန်တွင် နွားနို့ ၁၀၀ မီလီလီတာကို ထည့်လိုက်ပါ။
  • ပြီးလျှင် S. Potato Flakes ၅၀၀ ဂရမ်ကိုထည့်ပြီး သမအောင်မွှေပါ။ အလိုရှိသောအရသာအပေါ်မူတည်ပြီး ဆား ၊ ငရုတ်ကောင်းထည့်ပါ။
  • မီးအေးအေးဖြင့် မိနစ် ၂၀ ခန့်တည်ပြီး အာလူးအနှစ်ဖြစ်လာသောအခါ ခရင်မ် ၅၀ မီလီလီတာကိုထည့်ပြီး မီးပိတ်လိုက်ပါ။ ထို့နောက်အိုးထဲမှ ပန်းကန်လုံးတစ်လုံးထဲ ပြောင်းထည့်ပြီး အပေါ်မှ clean film အုပ်၍ အအေးခံထားပါ။
  • တည်ခင်းရန်ပြင်ဆင်ထားသောပန်းကန်ထဲတွင် အာလူးအနှစ်ထည့်ပြီး အပေါ်တွင်လှော်ထားသော သို့မဟုတ် မီးဖုတ်ထားသော Almond Flakes များဖြူးပါ။ အာလူးအရေခွံအနည်းငယ်ကိုကြော်ပြီး ထည့်ပါ။ Paprika မှုန့်အနည်းငယ်ဖြူးလိုက်လျှင် အရောင်လှပသော S. Potato Puree ကို ရရှိပါလိမ့်မည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.