fbpx

Appetizer

U.S. Sidewinders နှင့် ချင်းသနပ်သုပ်

  • No Reviews
  • Prep Time: 10min
    Cook Time: 10min
  • Serves: ၂ ပွဲ အစာပြေ (သို့) ၄ ယောက် အရံအစာအစား
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. frozen sidewinders - ၃ခွက် 
  • ချင်းသနပ်, ပါးပါးအရှည်လှီးထားပါ - ၁/၂ ခွက်
  • လှော်ပြီးသား နှမ်းနက်၊ဖြူ ရော - ထမင်းစားဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ, ခပ်နုပ်နုပ်လှီးထားပါ - ၄ တက်
  • ကာနိုလာဆီ - ထမင်းစားဇွန်း ၃ ဇွန်း ‌
  • ဂေါ်ဖီ, ပါးပါးလှီးထားပါ - ၂ ၁/၂ ခွက်
  • ခရမ်းချဉ်သီးအစိမ်း, ခပ်ပါးပါးလှီးထားပါ - ၃ လုံး
  • ပဲအကျက်မှူန့် - ထမင်းစားဇွန်း ၁ ၁/၂ - ၂ ဇွန်း
  • ပုဇွန်ခြောက်မှူန့် - ထမင်းစားဇွန်း ၆ ဇွန်း
  • လတ်ဆတ် ငရုတ်သီးအစပ်တောင့်, အစေ့ထုတ်၊ ပါးပါးရှည်ရှည်လှီးထားပါ - ၅ ~ ၆ တောင့်
  • ချင်းသနပ်ထည့်ထားသော အရည် - ထမင်းစားဇွန်း ၁ ဇွန်း
  • သံပုရာရည် - သံပုရာသီး တစ်ဝက် (~ ၂ ဇွန်း စားပွဲဇွန်း)
  • ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
  • ပင်လယ်ဆား, အရသာဖြည့်စွတ်ရန် (ဆားကြိတ်ပုလင်းဖြင့် အသုပ်တစ်ပွဲကို ၂ ပတ်မွှေ့ထည့်ပါ)
  • နေကြာဆီ (အာလူးကြော်ရန်) 

Preparation
Prep Time: 10min | Cook Time: 10min

ချက်ပြုတ်ရန် 

  • ၁။ အိုးအကြီးထဲ ဆီထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ ပြီးလျှင် U.S. Frozen Sidewinders ထည့်ပြီး အာလူးများ ရွှေရောင်တောက်ပြီး ကြွပ်ရွ‌နေအောင် ၄ – ၅ မိနစ်လောက်ကြော်ပေးပါ။ ဆီစစ်ထားပါ။
  • ၂။ သုံးဆောင်ရန် ပုကန်လုံး ၂ လုံးထဲ ပါဝင်ပစ္စည်းများအားလုံး ညီမျှအောင်ထည့်ပါ။ ပြီးလျှင် ကြော်ထားသော အာလူးများလဲ ဆတူထည့်ပေးပါ။ ပြီးလျှင်သေချာနယ်ပါ၊ ဆားမြည်းပါ၊ ပြီးလျှင် လှော်ထားသော နှမ်းနက်၊ဖြူများဖြူးပြီး ချက်ချင်း လတ်ဆတ်သုံးဆောင်ပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.