fbpx

Main Dish

U.S. Potato Smiley Fries နှင့် ဘေကွန်ချိစ် ဘာဂါ

  • No Reviews
  • Prep Time: 10min
    Cook Time: 15min
  • Serves: 4
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. potato smiley fries - ၁ ထုပ်
  • အမဲသားတောက်တောက်စင်း - ၆၀၀ ဂရမ်
  • စတိတ် ဟင်းခတ်အရသာမှူန့်အ‌ရော - ထမင်းစားဇွန်း ၁ ဇွန်း
  • ပျားရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • ထောပတ် - ထမင်းစားဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ခပ်နုပ်နုပ်လှီးထားပါ - ၁ လုံး
  • ဆား နှင့် လတ်ဆတ်ထောင်းထားသော ငရုတ်ကောင်းနက် အရသာကဲရန် 

ဘာဂါအတွက်  ပြင်ဆင်ရန်

  • Cheddar Cheese - ၆ချပ် (၁၂ ချပ်ပြန်ပိုင်းထားပါ)
  • ကြွပ်ရွနေအောင်ကြော်ထားသော ဘေကွန် - ၆ ပြား (၁၂ ပိုင်းပိုင်းထားပါ)
  • ခရမ်းချဉ်သီး, တစ်ဝက်ပြန်လှီးထားပါ - ၆ ပြား
  • မရိုးနစ် - ၆ ဂရမ်
  • ခရမ်းချဉ်သီးဆော့ - ၆ ဂရမ်
  • ဆလပ်ရွတ် - ၁၂ ရွက်
  • သခွားသီးအချဉ်စိမ် - ၁၂ ချပ်

Preparation
Prep Time: 10min | Cook Time: 15min

ပြုလုပ်နည်း

  • ၁။ ဇလုံအကြီးထဲ ဘာဂါလုပ် ရန်ပါဝင်ပစ္စည်းများအားလုံး ထည့်ပါ။ ပြီးလျှင်သေချာ အကုန်ရောအောင်နယ်ပါ။
  • ၂။ ဒယ်အိုးထဲ ဘေကွန်ထည့်ပြီး မီးပျင်းပျင်းဖြင့် အိုးကင်းပူ တစ်ဖက် ၂ မိနစ်လောက် ကြွပ်ရွသည်အထိ တိုက်ပါ။ ပြီးလျှင် အိုးထဲမှဆယ်ထားပါ။
  • ၃။ နယ်ထားသော အမဲသားကို အသားပြား ၁၂ ချပ်လုပ်ထားပါ။
  • ၄။ အအေးခံသော တန်းများပေါ် အသားပြား နှင့် U.S. Frozen Potato Smiley Fries တင်ပါ။ ၁၈၀°C အပူပေးထားသော အာဗင်ထဲ ၅ – ၆ မိနစ် ဖုတ်ပါ။ ပြီးလျှင် အအေးခံသောတန်းကို Oven ထဲမှ ထုတ်ပြီး ခတ်ဖွဖွလေး ဘာဂါြပားများ နှင့် အာလူးများကို တစ်ဖက်လှန်ပေးပါ။ ပြီးလျှင် နောက်ထပ် ၅ – ၇ မိနစ် သို့မဟုတ် ဘာဂါပြားများ အသင့်ဖြစ်ပြီး အာလူးများကြွပ်ရွနေရင်ရပါပြီ။ ချိစ်တင်မယ်ဆိုလျှင်၊ ဘာဂါများကို Oven ထုတ်ပြီး၊ အပေါ်မှနေ ချိစ်ပြားတစ်ချပ်စီတင်ပါ ပြီးလျှင် Oven ထဲ ၂ မိနစ်လောက်ပြန်ထည့်ပြီး ချိစ်အရည်ပျော်တယ့်အထိထားရင်း အသားပါတစ်ခါတည်း အထဲထိကျက်သွားပါမည်။
  • ၅။ ပြင်ဆင်ရန် U.S. အာလူး တစ်ခုအောက်မှာထားပါ၊ ပြီးလျှင် မရိုးနစ် အပေါ်မှနေ ဆလပ်ရွက်၊ ခရမ်းချဉ်သီး၊ ဘာဂါပြား၊ ဘေကွန်၊ သခွားသီးအချဉ်စိမ်ပြား နှင့် ခရမ်းချဉ်သီး‌ဆော့ ပြီးလျှင် အပေါ်မှ အာလူး တင်ပြီး တုတ်ချောင်းဖြင့် အလယ်မှထိုးလိုက်ပါ!

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.