fbpx

Main Dish

U.S. အာလူးနှင့် ကြက်သားဟင်း

  • No Reviews
  • Serves: 4
Share on Print

Ingredients

  • U.S. Frozen Wedges − ၄၀၀ ဂရမ်
  • ကြက်ပေါင် − ၆၀၀ ဂရမ်
  • ကြက်သွန်နီ − ၃ လုံး
  • ကြက်သွန်ဖြူ − ၁၀ မွှာ
  • ချင်း − လက်တစ်ဆစ် အရွယ် ၁ တုံး
  • ဆား − လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သားမှုန့် − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် − လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်သီးအရောင်တင်မှုန့် − လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ − ၃၅၀ မီလီလီတာခန့်
  • ပူစီနံ − အနည်းငယ်
  • ကြက်သားဟင်းချက်ရန် ဆီ − ထမင်းစားဇွန်း ၃ ဇွန်း
  • အာလူးကြော်ရန် ဆီ − မိမိ လိုသလောက်

Preparation

ပြင်ဆင်ရန်

  • သန့်စင်ပြီး ကြက်ပေါင်များကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခန့်ထည့်ပြီး အရသာဝင်အောင် နယ်ကာ မိနစ် ၃၀ ခန့် ကြိုနှပ်ထားပေးပါ။
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ချင်းများကို အခွံနွှာကာ ညက်နေအောင် ထောင်းထားပေးပါ။

အာလူးကြော်ရန်

  • ဆီကို မိမိ အသုံးပြုမည့် အာလူးခွဲခြမ်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  • အထုပ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း ဆီပူလာလျှင် U.S. Frozen Wedges များကို ဆီပူအိုးထဲထည့်ပြီး ထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
  • အာလူးများ ရွှေညိုရောင်သမ်းပြီး အပြင်သားကြွပ်လာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ကြက်သားဟင်းနှင့် တွဲဖက် သုံးဆောင်နိုင်ရန် ဆီစစ်ပေးထားပါ။

ကြက်သားဟင်း ပြုလုပ်ရန် 

  • ဒယ်အိုးထဲတွင် ဆီပူလာလျှင် နနွင်းမှုန့်အနည်းငယ်ထည့်ပါ။
  • ထို့နောက် ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို ထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ။
  • ဆီသတ်အနှစ်များ မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့် နှင့် ငါးငံပြာရည်တို့ကို ထည့်ပြီး အနည်းငယ် ဆက်ပြီး ဆီသတ်ပေးပါ။
  • ထို့နောက် အရသာနှပ်ထားသော ကြက်ပေါင်များကို ထည့်ပြီး အပြင်သား တင်းလာသည်အထိ လုံးချက်ပေးပါ။
  • ကြက်ပေါင်များ အပြင်သား တင်းလာလျှင် ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း) နှင့် ကြက်သားမှုန့်တို့ကိုထည့်ပြီး ရေကိုပါ ကြက်သား မြုပ်ရုံထည့်ကာ ကြက်သားနူးသည်အထိ အဖုံးအုပ်ပြီး ချက်ပါ။
  • ကြက်သားနူးပြီး ဆီပြန်လာလျှင် မီးဖိုပေါ်မှချပြီး ထမင်း၊ ကြွပ်ရွနေသော အာလူးခွဲခြမ်းကြော်များ နှင့် ပူစီနံများဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.