fbpx

Main Dish

U.S. အာလူးမာလာ

  • No Reviews
  • Serves: 4
Share on Print

Ingredients

  • U.S. အေးခဲအာလူးချောင်း (Crinkle Cut) − ၅၀၀ ဂရမ်
  • မိမိ ကြိုက်နှစ်သက်ရာ မာလာအနှစ် − ၅၀ ဂရမ်
  • နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နုတ်နုတ်စင်းထားသော ဂျင်း − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် − အနည်းငယ်
  • နှမ်းဖြူ − အနည်းငယ်
  • အာလူးကြော်ရန်ဆီ − မိမိလိုသလောက်

Preparation

အာလူးကြော်ရန်

  • ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  • အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း ဆီပူလာလျှင် အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
  • အာလူးချောင်းများ ရွှေညိုရောင်သမ်းလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။

ပြုလုပ်ပုံ

  • ဒယ်အိုးပူလာလျှင် မာလာအနှစ်ကို ထည့်ပါ။
  • ထို မာလာအနှစ်ထဲတွင် ကြက်သွန်ဖြူ နှင့် ဂျင်းများကို မွှေးလာသည်အထိ ဆီသတ်ပါ။
  • ပြီးလျှင် ဆီသတ်ထားသော မာလာအနှစ်ထဲသို့ အာလူးချောင်းကြော်များကို ထည့်ပြီး အရသာနှံ့စပ်အောင် အသာအယာ မွှေကြော် ပေးပါ။
  • နောက်ဆုံးတွင် မိမိ ပွဲပြင်မည့် ပန်းကန်ထဲသို့ အာလူးမာလာကြော်များကို ထည့်ကာ အပေါ်မှ နှမ်းဖြူ နှင့် ကြက်သွန်မြိတ်များ ဖြူးပြီး အရသာရှိစွာ သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.