fbpx

Main Dish

U.S. အာလူးကြက်ဥမွှေကြော်

  • No Reviews
  • Serves: 4
Share on Print

Ingredients

  • U.S. Frozen Straight Cut − ၂၀၀ ဂရမ်
  • ကြက်ဥ − ၆ လုံး
  • ခရမ်းချဥ်သီးအကြီး− ၁ လုံး (သို့) Cherry ခရမ်းချဥ်သီးအသေး − ၈၀ ဂရမ်
  • ထောပတ် − ၁၀ ဂရမ်
  • နွားနို့ − ထမင်းစားဇွန်း ၁ ဇွန်း
  • Parmesan Cheese အမှုန့် - အနည်းငယ်
  • သကြား − လက်ဖက်ရည်ဇွန်း ၁ ဝက်
  • ဆား − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် − လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်သွန်မြိတ် − အနည်းငယ်

Preparation

ပြင်ဆင်ရန်

  • ပန်းကန်လုံးတစ်ခုထဲတွင် ကြက်ဥများကို ဖောက်ထည့်ပြီး အနံ့ အရသာပိုရှိစေရန် နွားနို့၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ကိုပါ ထည့်ပြီး သမအောင်ရောမွှေပေးထားပါ။
  • ခရမ်းချဥ်သီးများကို မကြေတကြေ လှီးပြီး ကြက်ဥ အရည်ထဲသို့ ထည့်ပါ။
  • ကြက်ဥစကြော်ခါနီးလျှင် U.S. အေးခဲအာလူးချောင်းများကိုပါ ကြက်ဥအရည်ထဲ ထည့်စိမ်လိုက်ပါ။ (အချိန်ကြာကြာ ကြိုစိမ်ထားရန် မလိုပါ)

အာလူးကြက်ဥမွှေကြော် ပြုလုပ်ရန်

  • Non-stick ဒယ်အိုးပြား တစ်ခုထဲတွင် ထောပတ်ထည့်ပြီး ထောပတ်ပျော်လာသည်အထိ အပူပေးပါ။
  • ထို့နောက် ခရမ်းချဥ်သီး နှင့် အေးခဲအာလူးချောင်းများ ရောမွှေထားသော ကြက်ဥအရည်ကို ဒယ်အိုးထဲသို့ထည့်ပါ။
  • အဖုံးအုပ်ပြီး ကြက်ဥအောက်မျက်နှာပြင်မှစပြီး အပေါ်သို့ သုံးပုံနှစ်ပုံခန့် ကျက်လာသည်အထိ မီးအေးအေးဖြင့် ထားပါ။
  • ပြီးလျှင် ကြက်ဥချပ်ကို အပေါ်အောက် အသာအယာ လှန်ပေးပါ။
  • ကြက်ဥ မျက်နှာပြင် ၂ ဖက်လုံး ကျက်ပြီဆိုလျှင် ပွဲပြင်မည့်ပန်းကန်ထဲသို့ ပြောင်းထည့်ပါ။
  • အာလူးကြက်ဥကြော်အပေါ်မှ သေးသေးလှီးထားသော ကြက်သွန်မြိတ် နှင့် Parmesan Cheese အမှုန့်များ ဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.