Main Dish
ကိုးရီးယား ဘီဘင်ဂန်ဂျာ U.S. Shoestring Fries
Ready Time: 70min
No Reviews
Prep Time: 10min
Cook Time: 60min
Cuisine: Asian
Serves: 3-4
Ingredients
- U.S. Frozen Shoestring - ၄ ခွက်
- လတ်ဆတ်သောဟင်းနုနွယ်ရွက် (လှီးထားပါ) - ၁ စီး
- ရှီတာကီမှို (ပါးပါးလှီးထားပါ) - ၄ ခု
- မုန်လာဥနီ (မီးခြစ်စံချောင်းအရွယ်လှီးထားပါ) - ၁ ဥ
- ပဲပင်ပေါက် (ကြိုပြုတ်ထားပါ၊ ပြီးလျှင်ရေများညစ်ထုပ်ထားပါ) - ၁ ခွက်
- ဖရုံသခွား (ပါးပါးလှီးထားပါ) - ၁ လုံး
- ဆား - ၁ ၁/၂ လက်ဖက်ရည်ဇွန်း
- ကိုရီးယား ငရုတ်သီးအနှစ် (Gochujang) - ၁/၄ ခွက်
- ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
- နှမ်းဆီ - ထမင်းစားဇွန်း ၅ ဇွန်း
- ပျားရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကိုရီးယားငံပြာရည် - ၁/၄ လက်ဖက်ရည်ဇွန်း
- ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ) - ၃ တက်
- ဆန်ရှာလာကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
- ကြက်ဥအကြီး - ၄ လုံး
- လှော်ထားသော နှမ်းစေ့ - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- သံလွင်ဆီ - ၆ ၁/၂ ထမင်းစားဇွန်း
Preparation
Prep Time: 10min | Cook Time: 60min
ပြုလုပ်နည်း
- ၁။ သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်း ကို အိုးထဲထည့်ပြီး မီးအနေတော်ြဖင့် အပူပေးပါ။ U.S. Frozen Shoestring အာလူးချောင်း ကို ၇ -၉ မိနစ် လောက် နူးသည်အထိတည်ပါ။ ပြီးလျှင် ဆားဖြူးပြီး မီးဖိုပေါ်မှချပါ။
- ၂။ မုန်လာဥ နှင့် ဖရုံသခွား ကို ဆားရေစိမ်ရန်၊ မုန်လာဥ နှင့် ဖရုံသခွား ကို ဇလုံတစ်ခုစီထည့်ပါ၊ ဆား ၁/၄ လက်ဖက်ရည်ဇွန်းထည့်ပြီး မွှေပါ။ မိနစ် ၂၀ လောက်စိမ်ပြီး ထွက်လာသော ရေများသွန်ပါ။
- ၃။ အသီးအရွက်တည်ရန် – သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း အိုးထဲထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ ပြီးလျှင် ရှီတာကီမှိုကို ၂ မိနစ်လောက်တည်ပါ။ ပြီးလျှင် ပဲငံပြာရည် ၁ ၁/၂ လက်ဖက်ရည်ဇွန်း နှင့် ကြက်သွန်ဖြူ ၁/၂ လက်ဖက်ရည်ဇွန်း ထည့်ပါ။ ၁ မိနစ်လောက် တည်ပြီး မွှေပေးပြီး ဆယ်ထားလိုက်ပါ။ နောက်ဒယ်အိုး တစ်လုံးထဲ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး မုန်လာဥနီထည့်ပြီး ၅ – ၈ မိနစ်လောက် နူးသည်အထိတည်ပါ၊ ပြီးလျှင်ဖယ်ထားလိုက်ပါ။ အိုးထဲ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး ဖရုံသခွား ကို ၄ မိနစ်လောက် ပျော့အိအောင်တည်ပါ၊ ဆယ်ထားလိုက်ပါ။ ထိုအိုးထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး နှမ်းဆီ ပါထည်ပါ။ ပြီးလျှင် ဟင်းနုနွယ်ရွက်များ နွမ်းသည်အထိတည်ပါ။ ပြီးလျှင်ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းထည့်ပြီး ဆားအရသာထိအောင်လောက်ထည့်ပါ၊ မွှေပေးပါ ပြီးလျှင် ဆယ်ထားလိုက်ပါ။ အေးသွားလျှင် အရေများညစ်ထုပ်ပြစ်ပါ။
- ၄။ ပဲပင်ပေါက်ကို ရေနွေးငွေ့ဖြင့် ၅ မိနစ်လောက် ပေါင်းပါ။ ပြီးလျှင် ရေအေးအေးအောက်မှာ အအေးခံပါ။ ရေများကို လက်ဖြင့်ညစ်ထုပ်ပြစ်ပြီး ဇလုံထဲထည့်ထားပါ။ ပဲပင်ပေါက်ထဲ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကိုရီးယား ငံပြာရည် ၁/၄ လက်ဖက်ရည်ဇွန်း ထည့်ပြီးနယ်ထားပါ။ အသီးအရွက်များအားလုံး အအေးခံထားရန်ဆိုသည်မှာ အခန်းအပူချိန်ဖြင့်ထားရန်ဆိုလိုပါသည်။
- ၅။ ငရုတ်သီးအနှစ်၊ နှမ်းဆီ၊ ပျားရည်၊ ကြက်သွန်ဖြူနုတ်နုတ်စင်း၊ ဆန်ရှာလကာရည် နှင့် ပဲငံပြာရည်များအားလုံး ရောမွှေထားပါ။
- ၆။ မကပ်သော နောက်ဒယ်အိုးထဲ သံလွင်ဆီ လက်ဖက်ဇွန်း ၁ ဇွန်းထည့်ပြီး မီးမျင်မျင် လေးဖြင့် ကြက်ဉကြော်ပါ၊ တစ်ဘက်ထဲထားပြီး အနှစ်က မကျက်သေးပဲ အဖြူပိုင်းက တင်းလာလျင်ရပါပြီး (သို့) ၂ -၄ မိနစ်လောက် ကြော်ပါ။
- ၇။ သုံးဆောင်ရန်ပုကန်ထဲ ပြင်ဆင်ရန် – ချက်ထားသော အမေရိကန်အာလူးချောင်းများကို ၄ ပုံခွဲလို့ ပုကန်ထဲထည့်ပါ၊ ပြီးလျှင် အပေါ်မှ အသီးအရွက်များ ညီညာစီတင်ပါ။ ကြက်ဥ ၁လုံး စီလိုက်တင်ပါ။ နှမ်းဆီ ၁ ဇွန်း လက်ဖက်ဇွန်း ဖြင့်အပေါ်မှနေနှံ့အောင်ဆမ်းပါ၊ နှမ်းစေ့များဖြူးပါ၊ ပြီးလျှင် အရသာရောထားသော ငရုတ်သီးအနှစ်ထည့်ရောမွှေလဲရတယ်၊ မထည့်ပဲ ဘေးကနေသပ်သပ် ပန်းကန်လေးဖြင့် နှမ်းဆီ ငရုတ်သီးအနှစ်ရောပြီးချထားပေးလဲရပါတယ်။ ဇွန်းဖြင့် သေချာ ကိုယ့်ပန်းကန်လုံးထဲ မှာမွှေပြီး ဇွန်းဖြင့်စားပါ။ ကောင်းမွန်စွာသုံးဆောင်နိုင်ပါစေ!