fbpx

Main Dish

တာရီယာကီ U.S. Crinkle Cutနှင့် ပင်လယ်စာ

  • Ready Time: 30min
    No Reviews
  • Prep Time: 10min
    Cook Time: 20min
  • Cuisine: Asian
  • Serves: 3-4
    Prep Method: BakedStir Fry
Share on Print

Ingredients

တာရီယာကီဆော့လုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ချင်း (နုတ်နုတ်စင်းထားပါ) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် - ၁/၂ ခွက်
  • ပျားရည် - ထမင်းစားဇွန်း ၄ ဇွန်း
  • ပြောင်းဖူးကော်မှူန့် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ဆန်ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ - ၃/၄ခွက်

အာဗင်ထဲ အမေရိကန် U.S. Frozen Crinkle Cut အာလူးဖုတ်ရန်

  • U.S. Frozen Crinkle Cut - ၂၀၀ ဂရမ်
  • တာရီယာကီဆော့ - ထမင်းစားဇွန်း ၃ ဇွန်း
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြော်ရန်

  • အသီးအရွက်ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ (ခပ်နုတ်နုတ် လှီးထားပါ) - ၃ တက်
  • ပင်လယ်စာစုံ‌ရော - ၅၀၀ ဂရမ်
  • လှော်ထားသော နှမ်းစေ့ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ) - ၃ ပင်

Preparation
Prep Time: 10min | Cook Time: 20min

ပြုလုပ်နည်း

  • ၁။ ဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများအားလုံး ‌ရောထားပါ၊ ပြီးလျှင်ခဏထားပါ။
  • ၂။ ဇလုံအကြီးထဲ U.S. Frozen Crinkle Cut ထည့်ပြီး ‌ တာရီယာကီဆော့စ် နှင့် နှမ်းဆီ ထည့်ကာ အကုန်‌ရောသမအောင် လူးလှိမ့်လှန်လှောပေးပါ။
  • ၃။ အာလူးများကို သံဇကာစင်ဗန်းပေါ် သေသေသပ်သပ်ညီညာ တစ်လွှာထဲတင်ပါ။ အာဗင်ကို ၂၅၀° စင်တီ ထားပြီး ဘန်းအပြားပေါ် မုန့်ဖုတ်သော သံစင်ဘန်းတင်ပါ။    မုန့်ဖုတ်သော ဖုတ်သောအပူချိန်နှင့် အချိန်အတိုင်းတာကတော့ ကိုယ်သုံးသော အာဗင်ပေါ်မူတည်ပါတယ်။ အာလူးများ ရွှေရောင်သန်းပြီး ကြွပ်ရွနေပြီးဆိုလျှင် အာဗင်ထဲမှ ထုတ်ပြီး အအေခံထားပါ။
  • ၄။ ဒယ်အိုး (သို့) ဒယ်ပြန့် ထဲ ဆီထည့်ပြီး အပူပေးပါ၊ ပြီးလျှင် လှီးထားသော ကြက်သွန်ဖြူထည့်ပါ။ ၁ မိနစ်လောက် ဆီပူထိုးပါ ပြီးလျှင် ပင်လယ်စာစုံ ထည့်ပါ။ ပင်လယ်စာ များကို မီးအပူချိန်ပြင်းပြင်းဖြင့် ၄ -၅ မိနစ်လောက် ကြော်ပါ၊ အရွှေ‌ရောင်သန်းပြီး အိလျှင်ရပါပြီး။ အမေရိကန်အာလူးများ ထည့်ပြီး ၂ -၃ မိနစ်လောက် ထပ်ကြော်ပါ။ ဆော့စ်ထည့်ပြီး သေချာနှံ့အောင်မွှေပေးပါ။ အရာသာ ဆားနှင့် ငရုတ်ကောင်းထည့်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချပြီး ကြက်သွန်မြိတ် နှင့် နှမ်းများဖြူးပြီး ပူပူလေးသုံးဆောင်ပါ။ ကောင်းမွန်စွာသုံးဆောင်နိုင်ပါစေ!

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.