fbpx

Main Dish

ကိုးရီးယား ဘီဘင်ဂန်ဂျာ U.S. Shoestring Fries

  • Ready Time: 70min
    No Reviews
  • Prep Time: 10min
    Cook Time: 60min
  • Cuisine: Asian
  • Serves: 3-4
Share on Print

Ingredients

  • U.S. Frozen Shoestring - ၄ ခွက်
  • လတ်ဆတ်သောဟင်းနုနွယ်ရွက် (လှီးထားပါ) - ၁ စီး
  • ရှီတာကီမှို (ပါးပါးလှီးထားပါ) - ၄ ခု
  • မုန်လာဥနီ (မီးခြစ်စံချောင်းအရွယ်လှီးထားပါ) - ၁ ဥ
  • ပဲပင်ပေါက် (ကြိုပြုတ်ထားပါ၊ ပြီးလျှင်‌ရေများညစ်ထုပ်ထားပါ) - ၁ ခွက်
  • ဖရုံသခွား (ပါးပါးလှီးထားပါ) - ၁ လုံး
  • ဆား - ၁ ၁/၂ လက်ဖက်ရည်ဇွန်း
  • ကိုရီးယား ငရုတ်သီးအနှစ် (Gochujang) - ၁/၄ ခွက်
  • ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • နှမ်းဆီ - ထမင်းစားဇွန်း ၅ ဇွန်း
  • ပျားရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကိုရီးယားငံပြာရည် - ၁/၄ လက်ဖက်ရည်ဇွန်း
  • ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ) - ၃ တက်
  • ဆန်ရှာလာကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • ကြက်ဥအကြီး - ၄ လုံး
  • လှော်ထားသော နှမ်းစေ့ - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • သံလွင်ဆီ - ၆ ၁/၂ ထမင်းစားဇွန်း

Preparation
Prep Time: 10min | Cook Time: 60min

ပြုလုပ်နည်း

  • ၁။  သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်း ကို အိုးထဲထည့်ပြီး မီးအနေတော်ြဖင့် အပူပေးပါ။ U.S. Frozen Shoestring အာလူးချောင်း ကို ၇ -၉ မိနစ် ‌လောက် နူးသည်အထိတည်ပါ။ ပြီးလျှင် ဆားဖြူးပြီး မီးဖိုပေါ်မှချပါ။
  • ၂။ မုန်လာဥ နှင့် ဖရုံသခွား ကို ဆား‌ရေစိမ်ရန်၊ မုန်လာဥ နှင့် ဖရုံသခွား ကို ဇလုံတစ်ခုစီထည့်ပါ၊ ဆား ၁/၄ လက်ဖက်ရည်ဇွန်းထည့်ပြီး မွှေပါ။ မိနစ် ၂၀ လောက်စိမ်ပြီး ထွက်လာသော ရေများသွန်ပါ။
  • ၃။ အသီးအရွက်တည်ရန် – သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း အိုးထဲထည့်ပြီး မီးအနေတော်ဖြင့် အပူ‌ပေးပါ။ ပြီးလျှင် ရှီတာကီမှိုကို ၂ မိနစ်လောက်တည်ပါ။ ပြီးလျှင် ပဲငံပြာရည် ၁ ၁/၂ လက်ဖက်ရည်ဇွန်း နှင့် ကြက်သွန်ဖြူ ၁/၂ လက်ဖက်ရည်ဇွန်း ထည့်ပါ။ ၁ မိနစ်လောက် တည်ပြီး မွှေပေးပြီး ဆယ်ထားလိုက်ပါ။ နောက်ဒယ်အိုး တစ်လုံးထဲ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး မုန်လာဥနီထည့်ပြီး ၅ – ၈ မိနစ်လောက် နူးသည်အထိတည်ပါ၊ ပြီးလျှင်ဖယ်ထားလိုက်ပါ။ အိုးထဲ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး ဖရုံသခွား ကို ၄ မိနစ်လောက် ပျော့အိအောင်တည်ပါ၊ ဆယ်ထားလိုက်ပါ။ ထိုအိုးထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး နှမ်းဆီ ပါထည်ပါ။ ပြီးလျှင် ဟင်းနုနွယ်ရွက်များ နွမ်းသည်အထိတည်ပါ။ ပြီးလျှင်ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းထည့်ပြီး ဆားအရသာထိအောင်လောက်ထည့်ပါ၊ မွှေပေးပါ ပြီးလျှင် ဆယ်ထားလိုက်ပါ။ အေးသွားလျှင် အရေများညစ်ထုပ်ပြစ်ပါ။
  • ၄။ ပဲပင်ပေါက်ကို ရေနွေးငွေ့ဖြင့် ၅ မိနစ်လောက် ပေါင်းပါ။ ပြီးလျှင် ‌ရေအေးအေးအောက်မှာ အအေးခံပါ။ ‌ရေများကို လက်ဖြင့်ညစ်ထုပ်ပြစ်ပြီး ဇလုံထဲထည့်ထားပါ။ ပဲပင်ပေါက်ထဲ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကိုရီးယား ငံပြာရည် ၁/၄ လက်ဖက်ရည်ဇွန်း ထည့်ပြီးနယ်ထားပါ။ အသီးအရွက်များအားလုံး အအေးခံထားရန်ဆိုသည်မှာ အခန်းအပူချိန်ဖြင့်ထားရန်ဆိုလိုပါသည်။
  • ၅။ ငရုတ်သီးအနှစ်၊ နှမ်းဆီ၊ ပျားရည်၊ ကြက်သွန်ဖြူနုတ်နုတ်စင်း၊ ဆန်ရှာလကာရည် နှင့် ပဲငံပြာရည်များအားလုံး ‌ရောမွှေထားပါ။
  • ၆။ မကပ်သော နောက်ဒယ်အိုးထဲ သံလွင်ဆီ လက်ဖက်ဇွန်း ၁ ဇွန်းထည့်ပြီး မီးမျင်မျင် လေးဖြင့် ကြက်ဉကြော်ပါ၊ တစ်ဘက်ထဲထားပြီး အနှစ်က မကျက်သေးပဲ အဖြူပိုင်းက တင်းလာလျင်ရပါပြီး (သို့) ၂ -၄ မိနစ်လောက် ကြော်ပါ။
  • ၇။ သုံးဆောင်ရန်ပုကန်ထဲ ပြင်ဆင်ရန် – ချက်ထားသော အမေရိကန်အာလူးချောင်းများကို ၄ ပုံခွဲလို့ ပုကန်ထဲထည့်ပါ၊ ပြီးလျှင် အပေါ်မှ အသီးအရွက်များ ညီညာစီတင်ပါ။ ကြက်ဥ ၁လုံး စီလိုက်တင်ပါ။ နှမ်းဆီ ၁ ဇွန်း လက်ဖက်ဇွန်း ဖြင့်အပေါ်မှနေနှံ့အောင်ဆမ်းပါ၊ နှမ်းစေ့များဖြူးပါ၊ ပြီးလျှင် အရသာ‌ရောထားသော ငရုတ်သီးအနှစ်‌ထည့်‌ရောမွှေလဲရတယ်၊ မထည့်ပဲ ဘေးကနေသပ်သပ် ပန်းကန်လေးဖြင့် နှမ်းဆီ ငရုတ်သီးအနှစ်‌ရောပြီးချထားပေးလဲရပါတယ်။ ဇွန်းဖြင့် သေချာ ကိုယ့်ပန်းကန်လုံးထဲ မှာမွှေပြီး ဇွန်းဖြင့်စားပါ။ ကောင်းမွန်စွာသုံးဆောင်နိုင်ပါစေ!

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.