fbpx

Snack

ကျန်းမာရေးနှင့်ညီညွတ်သော လက်ဖက်နှင့် U.S. Spicy Skin on Wedges အသုပ်

  • Ready Time: 30min
    No Reviews
  • Prep Time: 10min
    Cook Time: 20min
  • Cuisine: Asian
  • Serves: 3-4
    Prep Method: Baked
Share on Print

Ingredients

  • U.S. Frozen Spicy Skin On Wedges - ၃ ခွက်
  • ဆလတ်ထုပ် (ပါးပါးနုတ်နုတ်လှီးထားပါ) - ၁ ခွက်
  • ဂေါ်ဖီထုပ် (ပါးပါးနုတ်နုတ်လှီးထားပါ) - ၁ ခွက်
  • ခရမ်း‌ရောင် ‌ဂေါ်ဖီထုပ် (ပါးပါးနုတ်နုတ်လှီးထားပါ) - ၁ ခွက်
  • ငရုတ်ပွနီ (အချောင်းသေးသေးလေးတွေလှီးထားပါ) - ၁ ခု
  • ငရုတ်ပွဝါ (အချောင်းသေးသေးလေးတွေလှီးထားပါ) - ၁ ခု
  • ခရမ်းချဉ်သီးအလုံးကြီး (အစေ့ထုပ်၊ ပါးပါးအရှည်လှီးထားပါ) - ၂ လုံး
  • လက်ဖက်သား အနှစ် (အသင့်စား အနှစ်) - ၁/၂ ခွက်
  • လှော်ထားသော နှမ်းနက် - ထမင်းစားဇွန်း ၁ ဇွန်း
  • လှော်ထားသော နှမ်းဖြူ - ထမင်းစားဇွန်း ၂ ဇွန်း
  • ပူဒီနာ (ခပ်ကြမ်းကြမ်း လှီးထားပါ) - ၁/၄ ခွက်
  • ပုဇွန်ခြောက် - ထမင်းစားဇွန်း ၃ ဇွန်း
  • သံပုရာသီး (အရည်) - ၁ လုံး
  • ငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
  • ဆား - လိုသလောက်
  • ကြက်သွန်ဖြူ (အတူတွဲစားရန်) - အနည်းငယ်
  • ငရုတ်သီးစိမ်း (အတူတွဲစားရန်) - အနည်းငယ်

Preparation
Prep Time: 10min | Cook Time: 20min

ပြုလုပ်နည်း 

  • ၁။  အာဗင်ကို ၂၀၀° စင်တီ (၄၀၀°ဖာရင်ဟိုက်)ဖွင့်ထားပါ၊ ဗန်းအပြားပေါ် မုန့်ဖုတ်သော သံစင်ဗန်းတင်ပါ။    U.S. Frozen Spicy Skin On Wedges ကို မုန့်ဖုတ်သော သံစင်ဗန်းပေါ် သေသေသပ်သပ်ညီညာ တစ်လွှာပဲတင်ပြီး တစ်ဖက်ကို ၁၀ မိနစ် စီဖုတ်ပေးပါ။ ဖုတ်သောအပူချိန်နှင့် အချိန်အတိုင်းတာကတော့ ကိုယ်သုံးသော အာဗင်ပေါ်မူတည်ပါတယ်။ အာလူး ရွှေရောင်သန်းပြီး ကြွပ်ရွနေပြီးဆိုလျှင် အာဗင်ထဲမှ ထုတ်ပြီး အအေခံထားပါ။ 
  • ၂။  ဇလုံအကြီးထဲ ဟင်းသီးဟင်းရွက်များ၊ အာလူး၊ လက်ဖက်သားအနှစ်၊ ငံပြာရည်၊ ပူဒီနာ၊ ပုဇွန်ခြောက်၊ သံပုရာရည်၊ ဆားအနည်းငယ်၊ နှမ်း အနက် နှင့် နှမ်းအဖြူ၊ သံလွင်ဆီ ထည့်ပါ။ ပြီးလျှင် ဇွန်း ၂ ချောင်းဖြင့်သေချာမွှေပေးပါ။ အရသာမြည်းပါ ဆား၊ သုံပုရာ လိုအပ်တာထပ်ဖြည့်ပါ။ ပြီးလျှင် လတ်ဆတ် အခွံခွာထားသော ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းတို့ဖြင့် အတူတွဲသုံးဆောင်ပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.