Main Dish
U.S. Steak Cut အုန်းနို့ဟင်း
Ready Time: 40min
No Reviews
Prep Time: 10min
Cook Time: 30min
Serves: 1-2
Ingredients
- U.S. Frozen Steak Cut - ၃ ခွက်
- ကြက်သွန်နီ (အတုံးသေးတွေတုံးထားပါ) - ၃ လုံး
- ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ) - ၆ တက်
- ချင်း (နုတ်နုတ်စင်းထားပါ) - ၁ လက်မ အရွယ်
- နေကြာဆီ - ထမင်းစားဇွန်း ၄ ဇွန်း
- ကာရီမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
- အရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- အုန်းနို့ သံဘူး - ၂ ဘူး (၁၆၅ မီလီ)
- ဆား - 1 လက်ဖက်ရည်ဇွန်း
- ငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဟင်းပွဲပေါ်ဖြူးရန် နံနံပင် - လိုသလောက်
Preparation
Prep Time: 10min | Cook Time: 30min
ပြုလုပ်နည်း
- ၁။ အိုးအကြီးထဲ နေကြာဆီထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ ပြီးလျှင် လှီးထားသော ချင်း။ ကြက်သွန်နီ များထည့်ပြီး ဆီပူတိုက်ပေးပါ ၃ – ၄ မိနစ်လောက်တိုက်ပေးပါ။ ပြီးလျှင် နံနံပင်ကလွဲလို့ ကြက်သွန်ဖြူ၊ ငံပြာရည်နှင့် တခြားပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ၁ မိနစ်လောက်ဆက်ချက်ပါ။
- ၂။ အုန်းနို့ ထည့်ပြီး သေချာ မွှေပေးပါ၊ ပြီးလျှင် U.S. steak cut အာလူးထည့်ပါ။ မီးအနေတော် လျှော့ပြီး အိုးအဖုံးအုပ်ပြီးတည်ပါ။ ပြီးတော့ အာလူးများကို ၁၅ – ၂၀ မိနစ် ဖြည်းဖြည်း ဆူအောင်တည်ပါ၊ မကြာခဏကြည့်ပြီး မွှေပေးပါ။
- ၃။ အာလူး နုူးအိပြီး ဆော့အနှစ် နဲ့ ခရင် ကလဲအနေတော်ပဲဆိုရပါပြီး။ ဆားမြည်းပါ အငံ နှင့် ဟင်းခတ်အမွှေးအကြိုင် အရသာစိတ်တိုင်းကြလျှင်ရပါပြီ။ ဟင်းအနှစ် နည်းလျှင် ရေအနည်းငယ်ရောပြီး ၂ -၃ မိနစ်လောက် ထပ်တည်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချပြီး နံနံပင်ဖြူးပါ၊ ပူပူနွေးနွေး ဆန်လုံးညို ထမင်းနှင့် အတူသုံးဆောင်ပါ။