Ingredients
ပါဝင်ပစ္စည်းများ
- U.S. Frozen Hash Brown Rounds - ၂၅၀ ဂရမ်
- ငရုတ်ပွ (အဝါရောင်) - ၃၀ ဂရမ်
- ငရုတ်ပွ (အနီရောင်) - ၃၀ ဂရမ်
- ငရုတ်ပွ (အစိမ်းရောင်) - ၃၀ ဂရမ်
- ကြက်သွန်နီ (လှီးထားပါ) - ၃၀ ဂရမ်
- ကြက်သွန်ဖြူ (လှီးထားပါ) - ၁၀ ဂရမ်
- ငရုတ်ကောင်းနက် - ၆ ဂရမ်
- ဟင်းသီးဟင်းရွက်ဆီ - ၅၀၀ မီလီလီတာ
- ဆား - ၅ ဂရမ်
- ဆလတ်ရွက် - ၃၀ ဂရမ်
Preparation
ပြုလုပ်နည်းအဆင့်ဆင့်
- ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားပါ။
- အိုးထဲတွင် အာလူးကြော်ရန်အတွက် ဆီထည့်ပြီး အပူပေးထားပါ။ ဆီအပူချိန် ၁၈၀°C အထိ ပူအောင်ထားပါ။
- ဆီပူလာလျှင် U.S. Frozen Hash Brown Rounds ကို ရွှေရောင်သမ်းသည်အထိ ကြော်ပြီး စစ်ထားပါ။
- အိုးထဲတွင် ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူအရင်ထည့်ပြီး ဆီသပ်ကာ ငရုတ်ပွသုံးမျိုးကို ထည့်ပါ။ ဆီသပ်ထားသောအသီးအရွက်များအရောင်ရလာလျှင် ကြော်ထားသော အာလူးကိုထည့်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး ၃-၄ မိနစ်ခန့်ကြော်ပြီးလျှင် စားသုံးရန်အသင့်ဖြစ်ပါပြီ။
- ပုံတွင်ပြထားသည့်အတိုင်းဆလတ်ရွက်ကို ခင်းကာစားသုံးနိုင်ပါသည်။