Appetizer
Main Dish
Snack
U.S. အာလူးမွှေးစပ်ကြော်
Ready Time: 20min
No Reviews
Prep Time: 10min
Cook Time: 10min
Cuisine: Asian
Serves: 4
Prep Method: Fried
Ingredients
ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)
- U.S. အေးခဲအာလူးချောင်း (Shoestring or Straight or Crinkle Cut) − ၅၀၀ ဂရမ်
- ကြက်သွန်ဖြူ − ၂၀ မွှာ
- ငြုပ်သီးအနီ − ၅ တောင့်
- ဂျင်း − ၁ တက်
- ရှမ်းနံနံ − ၁ စည်း
- ငါးငံပြာရည် − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား − လက်ဖက်ရည်ဇွန်း ၁ ဝက်ခန့်
- သံပုရာသီး − အနည်းငယ်
- အာလူးကြော်ရန် ဆီ − မိမိ လိုသလောက်
Preparation
Prep Time: 10min | Cook Time: 10min
အာလူးချောင်းကြော် ပြုလုပ်ရန်
- ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
- ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
- အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး ကြွပ်စပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။
- ပြီးလျှင် ဆားအနည်းငယ်ဖြူးကာ အာလူးကြော်များကို အပေါ်အောက် အသာလှန်ကာ သမအောင် လုပ်ထားပေးပါ။
ပြင်ဆင်ပြုလုပ်ရန်
- ကြက်သွန်ဖြူ ၊ ငြုပ်သီး တို့ကို မညက်တညက်ထောင်းပြီး ပန်းကန်တစ်ခုစီတွင်ထည့်ထားပါ။ ဂျင်းကို သေးသေးလှီးပြီးမှ ညက်နေအောင် ထောင်းထားပေးပါ။ ရှမ်းနံနံများကို အမြစ်ဖြတ် သန့်စင်ကာ လက် ၂ ဆစ်အရွယ်များ ပိုင်းဖြတ်ပေးထားပါ။
- ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်ကာ ဆီပူလာလျှင် မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ၊ ငြုပ်သီးအနီတို့ကို ထည့်ကာ မွှေးလာသည်အထိ ကြော်ပေးပါ။
- ပြီးလျှင် ညက်နေအောင်ထောင်းထားသော ဂျင်း ၊ ရှမ်းနံနံတို့ကိုထည့်မွှေပြီး အရသာအတွက် ငါးငံပြာရည်အနည်းငယ်ကို ပါလေကာ ထည့်ပေးပြီး အားလုံးကြွပ်စပြုလာသည်အထိ ဆက်ကြော်ပေးပါ။
- အထက်ပါ အမွှေးအကြိုင်များ ကြွပ်စပြုလာလျှင် ကြော်ထားသော အာလူးများကိုပါ ၁ မိနစ်ခန့်ထည့်မွှေကြော်ပြီး မီးဖိုပေါ်မှ ချလိုက်ပါ။
- နောက်ဆုံးတွင် အမွှေကြိုင်များဖြင့် ရောကြော်ထားသော အာလူးကြော်ပေါ်မှ သံပုရာရည် အနည်းငယ်ညှစ်ပေးလိုက်ပါက အနံ့အရသာမွှေးကြိုင်ပြီး စားပြီးရင်းစားချင်ဖြစ်စေမည့် အာလူးမွှေးစပ်ကြော်ကို သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။