Soup
Main Dish
U.S. အာလူးနှင့်အသားလုံးစွပ်
Ready Time: 70min
No Reviews
Prep Time: 10min
Cook Time: 60min
Serves: 4
Ingredients
ပါဝင်ပစ္စည်းများ
- အေးခဲအာလူး - ချိန်ခွက် ၄ခွက်
- အမဲသားတောက်တောက် - ၁/၂ ကီလိုဂရမ်
- ကြက်သွန်နီ (လှီးထားရန်) - ၁/၂ လုံး
- ကြက်သွန်ဖြူ (တောက်တောက်စဉ်း) - ၇မွှာ
- ပါစလေရွက် - ချိန်ခွက် ၁ခွက်
- ကြက်ဥ - ၂လုံး
- ပေါင်မုန့်ခြောက်မှုန့် - ချိန်ခွက် ၁ခွက်
- ခရမ်းချဉ်သီး (ထက်ခြမ်းခြမ်းထားရန်) - ၁၀လုံး
- ဝိုင်နီ - ချိန်ခွက် ၁ခွက်
- ရေ (သို့) ကြက်ပြုတ်ရည် - ၁လီတာ
- သံလွင်ဆီ - လက်ဖက်ရည်ဇွန်း ၅ဇွန်း
- လတ်ဆတ်သော Thyme (နုပ်နုပ်စဉ်း) - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ဆားနှင့်ငရုတ်ကောင်း - သင့်တော်သလောက်
Preparation
Prep Time: 10min | Cook Time: 60min
- ဇလုံတစ်ခုထဲတွင် အမဲသား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၄မွှာ၊ ပါစလေရွက်၊ ကြက်ဉနှင့် ပေါင်မုန့်ခြောက်မှုန့်တို့ကိုထည့်ပါ။ ဆားနှင့်ငရုတ်ကောင်းမှုန့်ထည့်ပြီး အသားလုံးပုံစံလုံးကာ သပ်သပ်ဖယ်ထားပါ။
- ခရမ်းချဉ်သီးများကိုဇောက်ထိုးပုံစံ မုန့်ဖုတ်လင်ဗန်းထဲသို့ ထည့်ပါ။ ကြက်သွန်ဖြူ ၃မွှာ၊ ဆား၊ နှင့် သံလွင်ဆီတို့ကိုပါထည့်ပြီး ၂၀၀ဒီဂရီစီတွင် မိနစ်၃၀ခန့် မီးဖုတ်ပါ။ ခရမ်းချဉ်သီးများကို အခွံခွာပြီး ကြက်ပြုတ်ရည်နှင့်ဝိုင်တို့ထည့်ကာ ကြိတ်ပေးပါ။ ထို့နောက် ဆားနှင့်ငရုတ်ကောင်းထည့်ပါ။
- ခရမ်းချဉ်သီးအနှစ်အား အိုးတစ်လုံးထဲသို့ထည့်ပြီး ဆူပွက်လာပါက အသားလုံးများကိုထည့်ပါ။ ၁၅မိနစ်ခန့်ချက်ပြီး ဆားနှင့်ငရုတ်ကောင်းထည့်ပါ။
- မုန့်ဖုတ်ဗန်းပေါ်တွင် အတွန့်ပုံစံအေးခဲအာလူးချောင်းများကိုဖြန့်ကာ ၂၀၀ ဒီဂရီစီတွင် မိနစ် ၂၀ခန့် မီးဖုတ်ပါ (သို့) အညိုရောင်သမ်းလာသည်အထိမီးဖုတ်ပါ။
Nutrition
Calories587
Sodium255mg
Fiber7g
Protein35g