Side Dish
Main Dish
Snack
မွှေးရွက်စုံ U.S. အာလူးချောင်းကြော်
Ready Time: 25min
No Reviews
Prep Time: 15min
Cook Time: 10min
Cuisine: Asian
Serves: 4
Prep Method: Stir Fry
Ingredients
ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)
- U.S အေးခဲအာလူးချောင်း (Shoestring Cut) - ၅၀၀ ဂရမ်
- ပင်စိမ်းရွက် − ၁ စည်း
- ဖက်ဖယ်ရွက် − ၁ စည်း
- ရှမ်းနံနံ − ၁ စည်း
- ကြက်သွန်ဖြူ − ၅ မွှာ
- ဂျင်း − ၁ တက်
- ငြုပ်သီးစိမ်း (သို့) အနီ − ၃ တောင့်
- ငြုပ်ကောင်းစေ့အမည်း− ၅ စေ့
- ဆား − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သားမှုန့် − လက်ဖက်ရည်ဇွန်း ၁ ဝက်
- အာလူးကြော်ရန်ဆီ − မိမိလိုသလောက်
Preparation
Prep Time: 15min | Cook Time: 10min
အာလူးချောင်းကြော် ပြုလုပ်ရန်
- ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
- ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
- အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး ကြွပ်စပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။
ပြင်ဆင်ပြုလုပ်ရန်
- ပင်စိမ်းရွက်၊ ဖက်ဖယ်ရွက်၊ ရှမ်းနံနံရွက်များကို သေးသေးလှီးပြီး ညက်အောင်ထောင်းပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ ငြုပ်သီးစိမ်း နှင့် ငြုပ်ကောင်းစေ့များကို ညက်အောင်ထောင်းထားပေးပါ။
- အထက်ပါ အရာများအားလုံးကို သမအောင်ရောကာ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်ပြီးလျှင် မွှေးလာသည်အထိ ဆီသတ်ပေးပါ။
- အရသာအတွက် ဆား နှင့် ကြက်သားမှုန့်အနည်းငယ်ကိုပါ ထည့်ပေးပါ။
- အမွှေးရွက်အစုံပါသော အထက်ပါ အနှစ်အရသာ အနေတော်ဖြစ်ပြီဆိုလျှင် ကြော်ထားသော အာလူးချောင်းကြော်များကိုပါ ထည့်လိုက်ပြီး သမအောင် မွှေကြော်ပေးပါ။
- ပြီးလျှင် မိမိပွဲပြင်မည့် ပန်းကန်ထဲသို့ ပြောင်းထည့်ပြီး မွှေးကြိုင်ပြီး အရသာဆန်းသော မွှေးရွက်စုံ အာလူးချောင်းကြော်ကို အရသာရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။