Ingredients
- U.S. Frozen Shoestring − ၅၀၀ ဂရမ်
- ပျဥ်းတော်သိမ်ရွက် − ၅ ခက်
- ဆား − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အမည်း − လက်ဖက်ရည်ဇွန်း ၁ ဝက်
- အာလူးကြော်ရန် ဆီ − မိမိလိုသလောက်
Preparation
ပြင်ဆင်ရန်
- ရေဆေးသန့်စင်ပြီးသော ပျဉ်းတော်သိမ်ရွက်များကို ခြွေပြီး ရေခြောက်အောင် ပြုလုပ်ထားပါ။
အာလူးချောင်းကြော် ပြုလုပ်ရန်
- ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
- ဆီပူလာလျှင် ပျဥ်းတော်သိမ်ရွက်များထည့်ကာ ကြွပ်လာသည်အထိ ကြော်ကာ ဆယ်ထားပေးပါ။
- အထက်ပါ ဆီမွှေးထဲတွင် အထုပ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
- အာလူးချောင်းများ ရွှေညိုရောင်သမ်း လာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။
- ဆီစစ်ပြီးသော အာလူးချောင်းကြော်များ ပူနေစဥ် အချိန်မှာပင် ပျဥ်းတော်သိမ်ရွက်ကြော်များ၊ ဆား နှင့် ငရုတ်ကောင်းမှုန့်များ ထည့်ကာ သမအောင် အပေါ်အောက် ခပ်မြန်မြန် မွှေပေးပါ။
- အားလုံး သမသွားပြီဆိုလျှင် အနံ့အရသာ မွှေးကြိုင်ကောင်းမွန်သော အာလူးချောင်းကြော်များကို ပွဲပြင်မည့် ပန်းကန်ထဲသို့ ထည့်ပြီး ပူပူလေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။