fbpx

Salad Main Dish Snack

မီးဖုတ်အာလူးနှင့်သံပုရာသီးသုပ်ချဉ်စပ်

  • Ready Time: 30min
    No Reviews
  • Prep Time: 25min
    Cook Time: 5min
  • Serves: 2
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • အေးခဲထားသော U.S. Wedges - ၂ ခွက်
  • သံပရာသီး - ၂ စိတ်
  • ပုစွန်ဖုတ်အနှစ် - ၁/၄ လက်ဖက်ရည်ဇွန်း
  • ပုစွန်ငံပြာရည် - ၁/၂ လက်ဖက်ရည်ဇွန်း
  • ကြက်သွန်နီ (ပါးပါးလှီး) - ၁ လုံး
  • ငရုတ်သီးစိမ်း (ပါးပါးလှီး) - ၅ တောင့်
  • ပူစီနံ (နုတ်နုတ်စဉ်း) - ၁/၄ ခွက်
  • ဆား - ၁/၄ လက်ဖက်ရည်ဇွန်း
  • နေကြာဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Preparation
Prep Time: 25min | Cook Time: 5min

  • မုန့်ဖုတ်စက်ကို ၂၅၀ ဒီဂရီ ဆဲလ်စီးယပ်အထိ အပူပေးထားပြီးလျှင် U.S. Wedges များကို မုန့်ဖုတ်စက်အလယ်တန်းတွင် ထည့်ပြီး အာလူးအပြင်သားများ ကြွပ်ရွလာသည်အထိ ဖုတ်ပါ။ ရလာလျှင် အပြင်ထုတ်၍ အအေးခံပါ။
  • အချဉ်လျော့စေရန် သံပရာသီးစိတ်များကို အရည်ညှစ်ထုတ်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီများကို ရေဆေးပြီး ရေအကုန်ညှစ်ပါ။
  • ပန်းကန်လုံးထဲတွင် သံပရာသီးစိတ်၊ ပုစွန်ငံပြာရည်၊ ပုစွန်ဖုတ်အနှစ်၊ ဆားနှင့် ဆီတို့ကို သမအောင် နယ်ပါ။
  • ထို့နောက် ကြွပ်ရွနေသော ဖုတ်ထားသော U.S. Wedges များကို ပူစီနံ၊ ကြက်သွန်နီတို့ထည့်ပြီး အရသာများ နှံ့သွားသည်အထိ လက်နှင့် ဖြည်းညှင်းစွာနယ်ပါ။
  • အရသာကို နှစ်သက်သလို ပြင်ဆင်ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။ ဟင်းလျာကို သူ့အတိုင်းသာမက ထမင်းနှင့်လည်း သုံးဆောင်နိုင်ပါသည်။

မှတ်ချက်
ပူစီနံအစား မိမိကြိုက်နှစ်သက်ရာ အရွက်များဖြင့် အစားထိုး သုံးဆောင်နိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.