fbpx

Main Dish

U.S. Potato Wedges အာလူးကြော်၊ ပုစွန်နှင့်ဟင်းသီးဟင်းရွက် တုတ်ထိုး

  • Ready Time: 35min
    No Reviews
  • Prep Time: 20min
    Cook Time: 15min
  • Serves: 3
    Prep Method: BakedGrilled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • အေးခဲထားသော U.S. Wedges - ၃၀၀ ဂရမ်
  • ပုစွန် - ၁၅၀ ဂရမ်
  • ငရုတ်ပွအဝါ - ၁ လုံး
  • ငရုတ်ပွအနီ - ၁ လုံး
  • ငရုတ်ပွအစိမ်း - ၁ လုံး
  • ချယ်ရီခရမ်းချဉ်သီး - ၁၀ လုံး
  • သံပရာသီး - ၁ လုံး
  • ငရုတ်သီး (ပါးပါးလှီး) - စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ (ပါးပါးလှီး) - စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငံပြာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပရာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား
  • ရသာမှုန့်
  • ရေအနည်းငယ်
  • ပဲကြာဆံ
  • ဆလတ်ရွက်
  • မုန်လာဥနီ
  • သံလွင်သီး

Preparation
Prep Time: 20min | Cook Time: 15min

  • ပုစွန်များကို ရေနွေးထဲတွင် ခဏပြုတ်ပြီး ကျက်လျှင် ချက်ချင်းဆယ်ပါ။ ထို့နောက် နံနံပင်၊ ငရုတ်ကောင်း၊ ရသာမှုန့်တို့ထည့်ပြီး သမအောင်နယ်ပါ။
  • U.S. Potato Wedges များကို လေးထောင့်အတုံးငယ်များရအောင် တုံးပါ။
  • ငရုတ်ပွ ၃ လုံးကို လေးထောင့်ပုံ လှီးပြီး ချယ်ရီခရမ်းချဉ်သီးများနှင့်အတူ အရသာထည့်ပါ။
  • ပုစွန်၊ ဟင်းသီးဟင်းရွက်များနှင့် အာလူးအတုံးများကို မိမိနှစ်သက်သလို တုတ်ထိုးပါ။
  • ထိုင်းဆော့စ် ပြုလုပ်ရန်အတွက် ကြက်သွန်ဖြူ နုတ်နုတ်စဉ်း၊ နံနံပင်နှင့် ငရုတ်သီးတို့ကို ငံပြာရည်၊ သံပရာရည်နှင့် သကြားတို့ထည့်၍ မွှေပါ။
  • မီးဖိုပေါ်တွင် ဒယ်ပြားတင်၍ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ။ ဆီပူလျှင် တုတ်ထိုးပြီးသားများကို ဒယ်ပြားပေါ်တွင် ကင်ပါ။ သို့မဟုတ် အရောင်လှပြီး အနံ့မွှေးလာသည်အထိ မုန့်ဖုတ်စက်ထဲတွင် ၁၈၀ ဒီဂရီ ဆဲလ်စီးယပ်၌ ၃ မိနစ်ခန့် ဖုတ်ပါ။
  • ပန်းကန်ပြားပေါ်တွင် ဆလတ်ရွက်များခင်း၍ တုတ်ထိုးအကင်များကို ထိုင်းဆော့စ်ဆမ်းကာ အသီးအရွက်များဖြင့် ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.