fbpx

Appetizer Snack

အာလူးကြက်သားလိပ်

  • Ready Time: 35min
    No Reviews
  • Prep Time: 10min
    Cook Time: 25min
  • Serves: 4
Share on Print

Description

ဤအာလူးကြက်သားလိပ်သည် ပါတီပွဲများအတွက် အသင့်တော်ဆုံးဟင်းလျာတစ်ခုဖြစ်ပြီး ကလေးများ အကြိုက်တွေ့သည့် ဟင်းလျာတစ်မျိုးဖြစ်သည်။ ထို့ပြင် ချက်ပြုတ်ရန်လွယ်ကူပြီး အေးသွားပါက microwave ဖြင့်ပြန်နွေးရန်လည်းသင့်တော်သည်။

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. အေးခဲအာလူးချောင်း (shoestring) - ၂၀၀ ဂရမ် (၄၈ချောင်း)
  • ကြက်သား - ၆လွှာ (၃၀၀ ဂရမ်)
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ချိစ့်အမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ဇွန်း
  • ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၁/၄ဇွန်း
  • သံလွင်ဆီ - လက်ဖက်ရည်ဇွန်း ၁/၂ဇွန်းl
  • ဆားနှင့်ငရုတ်ကောင်း - သင့်တော်သလောက်

Preparation
Prep Time: 10min | Cook Time: 25min

  • ကြက်သားမှအကြောများကိုထုတ်ထားပါ။ ပလတ်စတစ်ဖြင့်အုပ်ပြီး မုန့်လှိမ့်သည့်အတံဖြင့် အသားသည် ၂မီလီမီတာခန့်ပါးသွားသည်အထိ ထုပေးပါ။ (မုန့်လှိမ့်တံမရှိပါက ဓားအနောက်ဖက်ဖြင့် ထုပေးပါ။)
  • ကြက်သားလွှာလား အချောင်းပုံစံ ခပ်ပါးပါး ၁၂ခုရအောင်လှီးပေးပါ။
  • (က) ဟုတပ်ထားသော ပါဝင်ပစ္စည်းများကိုဇလုံအကြီးတစ်ခုထဲတွင် အာလူးများအရသာသွင်းရန် လုံလောက်စေမည့် ပမာဏထည့်ပါ။
  • အေးခဲအာလူးချောင်းများကို တတ်နိုင်သမျှပြားအောင် ပန်းကန်ပြားပေါ်တွင်စီပြီး ၂မိနစ်ခန့် မိုက်ခရိုဝေ့ဖ်တွင် အပူပေးပါ။ ထို့နောက်ချက်ချင်းပင် အရသာမှုန့်များထည့်ထားသည့် ဇလုံထဲသို့ အာလူးများကိုထည့်ပါ။ အာလူးများအပေါ်အရသာမှုန့်များကပ်စေရန် ဇလုံကိုလှုပ်ပေးပါ။
  • ကြက်သားချောင်းများပေါ်တွင် ဆားနှင့်ငရုတ်ကောင်းဖြူးပေးပါ။ ထို့နောက်အာလူး ၄ချောင်းလျှင် ကြက်သားချောင်းတစ်ချောင်းဖြင့်ပတ်ပေးပါ။
  • အကြော်ဒယ်ပြားထဲတွင် သံလွင်ဆီကိုအပူပေးကာ ကြက်သားလိပ်များကို အိုးထဲထည့်ပါ။ ကြက်သားများကိုအိုးထဲထည့်ရာတွင် အဆက်ရာဖြစ်နေသည့်ဖက်အား အိုးနှင့်အရင်ကပ်ထည့်ပေးပါ။ ၂မိနစ်ခန့် အိုးအဖုံးပိတ်ကာ မီးပြင်းပြင်းဖြင့်ကြော်ပေးပါ။ ထို့နောက် ကြက်သားများကိုတစ်ဖက်လှန်ကာ အဖုံးပိတ်ပြီး ၃မိနစ်ခန့်ကြော်ပေးပါ။
  • ပန်းကန်ပြားထဲသို့ထည့်ပြီး ငရုတ်ကောင်းဖြူးပေးပါ။ ဤဟင်းလျာအား ဆလပ်ရွက်၊ ချယ်ရီခရမ်းချဉ်သီးနှင့် သံပုရာသီးစိတ်တို့ဖြင့်အလှဆင်နိုင်ပါသည်။ (သံပုရာသီးညှစ်၍သုံးဆောင်လျှင် လည်းအလွန်အရသာရှိသည်။)

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.