fbpx

Appetizer Main Dish Snack

U.S. အာလူးမွှေးစပ်ကြော်

  • Ready Time: 20min
    No Reviews
  • Prep Time: 10min
    Cook Time: 10min
  • Cuisine: Asian
  • Serves: 4
    Prep Method: Fried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S. အေးခဲအာလူးချောင်း (Shoestring or Straight or Crinkle Cut) − ၅၀၀ ဂရမ်
  • ကြက်သွန်ဖြူ − ၂၀ မွှာ
  • ငြုပ်သီးအနီ − ၅ တောင့်
  • ဂျင်း − ၁ တက်
  • ရှမ်းနံနံ − ၁ စည်း
  • ငါးငံပြာရည် − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား − လက်ဖက်ရည်ဇွန်း ၁ ဝက်ခန့်
  • သံပုရာသီး − အနည်းငယ်
  • အာလူးကြော်ရန် ဆီ − မိမိ လိုသလောက်

Preparation
Prep Time: 10min | Cook Time: 10min

  1. အာလူးချောင်းကြော် ပြုလုပ်ရန် 

    1. ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
    2. ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
    3. အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး ကြွပ်စပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။ 
    4. ပြီးလျှင် ဆားအနည်းငယ်ဖြူးကာ အာလူးကြော်များကို အပေါ်အောက် အသာလှန်ကာ သမအောင် လုပ်ထားပေးပါ။

    ပြင်ဆင်ပြုလုပ်ရန်

    1. ကြက်သွန်ဖြူ ၊ ငြုပ်သီး တို့ကို မညက်တညက်ထောင်းပြီး ပန်းကန်တစ်ခုစီတွင်ထည့်ထားပါ။ ဂျင်းကို သေးသေးလှီးပြီးမှ ညက်နေအောင် ထောင်းထားပေးပါ။ ရှမ်းနံနံများကို အမြစ်ဖြတ် သန့်စင်ကာ လက် ၂ ဆစ်အရွယ်များ ပိုင်းဖြတ်ပေးထားပါ။
    2. ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်ကာ ဆီပူလာလျှင် မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ၊ ငြုပ်သီးအနီတို့ကို ထည့်ကာ မွှေးလာသည်အထိ ကြော်ပေးပါ။
    3. ပြီးလျှင် ညက်နေအောင်ထောင်းထားသော ဂျင်း ၊ ရှမ်းနံနံတို့ကိုထည့်မွှေပြီး အရသာအတွက် ငါးငံပြာရည်အနည်းငယ်ကို ပါလေကာ ထည့်ပေးပြီး အားလုံးကြွပ်စပြုလာသည်အထိ ဆက်ကြော်ပေးပါ။
    4. အထက်ပါ အမွှေးအကြိုင်များ ကြွပ်စပြုလာလျှင် ကြော်ထားသော အာလူးများကိုပါ ၁ မိနစ်ခန့်ထည့်မွှေကြော်ပြီး မီးဖိုပေါ်မှ ချလိုက်ပါ။
    5. နောက်ဆုံးတွင် အမွှေကြိုင်များဖြင့် ရောကြော်ထားသော အာလူးကြော်ပေါ်မှ သံပုရာရည် အနည်းငယ်ညှစ်ပေးလိုက်ပါက အနံ့အရသာမွှေးကြိုင်ပြီး စားပြီးရင်းစားချင်ဖြစ်စေမည့် အာလူးမွှေးစပ်ကြော်ကို သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.