fbpx

Appetizer Salad Main Dish

U.S. Steak Cuts အာလူးတန်ပူရာကြော်နှင့် သင်္ဘောသီးထောင်း

  • Ready Time: 35min
    No Reviews
  • Prep Time: 20min
    Cook Time: 15min
  • Cuisine: AsianThai
  • Serves: 3
    Prep Method: Fried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Steak Cuts - ၃၀၀ ဂရမ်
  • အကြော်မှုန့် (တန်ပူရာမှုန့်) - ၁၅၀ ဂရမ်
  • နှမ်း - ထမင်းစားဇွန်း ၁ ဇွန်း
  • ပေါင်မုန့်ခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
  • သင်္ဘောသီးအစိမ်း (အခွံခွာပြီးခြစ်ထား) - ၁ ခြမ်း
  • ခရမ်းချဉ်သီး - ၂ လုံး
  • ပဲသီးစိမ်း - ၅ တောင့်
  • မြေပဲလှော် - ၅၀ ဂရမ်
  • ငရုတ်သီးစိမ်း - ၅ တောင့်
  • ဆား - အနည်းငယ်
  • ပုဇွန်ငါးပိ (ကြိုထားပြီး) - ၅၀ ဂရမ်
  • ပုဇွန်ခြောက် - ၅၀ ဂရမ်
  • ကြက်သွန်ဖြူ - ၄ မွှာ
  • သံပုရာရည် - ထမင်းစားဇွန်း ၃ ဇွန်း
  • ထန်းလျက်ရည် - ထမင်းစားဇွန်း ၃ ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • သခွားသီး - ၁ လုံး
  • ဆလတ်ရွက် - ၅ ရွက်
  • ခရမ်းကြွပ်သီး - ၅ လုံး

Preparation
Prep Time: 20min | Cook Time: 15min

ပြုလုပ်ပုံအဆင့်ဆင့်

တန်ပူရာကြော်ရန်ပြင်ဆင်ခြင်း

  • (၁) အကြော်မှုန့်ကို ရေအနည်းငယ်ဖြင့် ပျစ်ပျစ်လေးဖျော်ပါ။ ပြီးလျှင် U.S. Frozen Steak Cutsကိုနှစ်ပြီး ဆီအပူချိန် ၁၈၀°C (သို့မဟုတ်) ဆီပူလာလျှင် ရွှေညိုရောင်ရလာသည်အထိ ကြော်ပါ။ ပြီးလျှင်ဆီစစ်ထားပါ။ 

သင်္ဘောသီးထောင်းနည်းအဆင့်ဆင့်

  • (၁) ငရုတ်ဆုံထဲတွင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်ထည့်ပြီးထောင်းပါ၊ ပြီးလျှင် သင်္ဘောသီးထည့်၊ ခရမ်းချဉ်သီး၊ ပဲသီး၊ ခရမ်းကြွပ်သီးတို့ပါ ရောထည့်ပြီးထောင်းပါ။ အရသာအနေနဲ့ သံပုရာရည်၊ ငံပြာရည်၊ ထန်းလျက်ရည်၊ ပုဇွန်ငါးပိတို့ကိုထည့်ပြီး အရသာမြည်းကြည့်ပါ။ လိုချင်သည့်အရသာရပြီဆိုလျှင် ပန်းကန်ပေါ်တွင် အလှဆင်ပြီး မြေပဲ၊ ပုဇွန်ခြောက်ဖြူးပါ။
  • (၂) အာလူးတန်ပူရာကိုလည်းပန်းကန်ပေါ်တွင် အလှဆင်ပြီး သင်္ဘောသီးထောင်းနဲ့တည်ခင်းကျွေးမွေးပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.