fbpx

Appetizer Salad

မြန်မာစတိုင် U.S. အာလူးချောင်းတိုဖူးသုပ်

  • Ready Time: 40min
    No Reviews
  • Prep Time: 25min
    Cook Time: 15min
  • Serves: 3
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Straight Cuts - ၃၀၀ ဂရမ်
  • ထမင်းဖြူ - ၃၀၀ ဂရမ်
  • တိုဖူး (အချောင်းလေးများလှီးထား) - ၁၀၀ ဂရမ်
  • ကြက်သွန်ဖြူဆီချက် - ၂၀၀ ဂရမ်
  • ပဲမှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
  • မြေပဲ (မညက်တညက်ထောင်းထား) - ထမင်းစားဇွန်း ၃ ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
  • မန်ကျည်းရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
  • ပဲကြာဇံ(ပြုတ်ထားပြီး) - ၁၀၀ ဂရမ်
  • မြေပဲနီကြော် - ၅၀ ဂရမ်
  • ငါးနီတူခြောက်ကြော် - ၅၀ ဂရမ်
  • သံပုရာသီး - ၁ လုံး
  • နံနံပင် - ၅၀ ဂရမ်
  • ပဲပင်ပေါက် (ရေနွေးဖျောထား) - ၅၀ ဂရမ်
  • ကြက်သားမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
  • ကြက်သွန်နီကြော် - ၃ လုံး
  • ဆလတ်ရွက် - ၃ ရွက်

Preparation
Prep Time: 25min | Cook Time: 15min

ပြုလုပ်ပုံအဆင့်ဆင့်

  • (၁) U.S. Frozen Straight Cuts ကို ဆီအပူချိန် ၁၈၀°C တွင် (သို့မဟုတ်) ဆီပူလာလျှင် ရွှေညိုရောင်ရလာသည်အထိ ကြော်ပြီး ဆီစစ်ထားပါ။ ပြီးလျှင်အသုပ်ထဲထည့်သုပ်ရန်အတွက် အရှည်လေးတွေလှီးထားပါ။ 
  • (၂) အသုပ်သုပ်မည့်ဇလုံထဲတွင် ထမင်းထည့်ပါ။ ပြီးလျှင် တိုဖူး၊ ကြာဇံ၊ နံနံပင်၊ ပဲပင်ပေါက်၊ မြေပဲ၊ ပုဇွန်ခြောက်၊ ပဲမှုန့်၊ ကြော်ထားသော U.S. အာလူးတို့ကိုထည့်ပြီး ဆီချက်၊ ငံပြာရည်၊ အရသာမှုန့်၊ မန်ကျည်းရည်တို့ကို ရောထည့်ပြီးသုပ်ပါ။ လိုချင်သောအရသာရပြီဆိုလျှင် ပန်းကန်ပေါ်တွင် အလှဆင်ပြီး မြေပဲနီကြော်၊ ငါးခြောက်ကြော်၊ သံပုရာသီး၊ ငရုတ်သီးမှုန့်တို့ကို ဘေးမှသီးသန့်ထည့်ပြီး မိမိကြိုက်နှစ်သက်တဲ့ ဟင်းခါးတစ်မျိုးမျိုးနှင့် တည်ခင်းကျွေးမွေးနိုင်ပါတယ်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.