fbpx

Appetizer Breakfast/Brunch Snack

ကြက်ဥ U.S. အာလူး Sandwich

  • Ready Time: 20min
    No Reviews
  • Prep Time: 15min
    Cook Time: 5min
  • Cuisine: American
  • Serves: 4
    Prep Method: Fried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S. အေးခဲအာလူးချောင်း (Shoestring or Straight or Crinkle Cut) − ၂၀၀ ဂရမ်
  • ပေါင်မုန့် − ၈ ချပ်
  • ကြက်ဥ − ၂ လုံး
  • မရောနိစ့် − ၁၀၀ ဂရမ်
  • ဆား − လက်ဖက်ရည်ဇွန်း တဝက်ခန့်
  • ငြုပ်ကောင်းမှုန့် − လက်ဖက်ရည်ဇွန်း တဝက်ခန့်
  • ကြက်သွန်မြိတ် − အနည်းငယ်
  • သခွားသီး (သို့) ခရမ်းချဥ်သီး− အနည်းငယ်
  • အာလူးကြော်ရန် ဆီ − မိမိ လိုသလောက်

Preparation
Prep Time: 15min | Cook Time: 5min

အာလူးချောင်းကြော် ပြုလုပ်ရန် 

  • ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  • ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလိုပါ။)
  • အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး အပြင်ကာ တင်းစပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။

ပြင်ဆင်ပြုလုပ်ရန်

  1. ကြက်ဥများကို အကာရော အနှစ်ပါ ကျက်အောင်ပြုတ်ပြီးအခွံခွာပါ။ ပြီးလျှင် ကြေသွားအောင် ချေမွပေးထားပါ။ ကြက်သွန်မြိတ်များကို နုတ်နုတ်စင်းထားပါ။
  2. ကြော်ထားသော အာလူးချောင်းကြော်များကို ခပ်သေးသေးဖြစ်အောင် လှီးဖြတ်ပါ။
  3. ပြီးလျှင် အဆိုပါ ခပ်သေးသေးအာလူးကြော်များ၊ ချေထားသော ကြက်ဥများ နှင့် နုတ်နုတ်စင်းထားသော ကြက်သွန်မြိတ်များကို ပန်းကန်လုံးတစ်ခုထဲတွင်ထည့်ပြီး မရောနိစ့် ၊ ဆား နှင့် ငြုပ်ကောင်းအနည်းငယ်ထည့်ကာ သမအောင် ရောမွှေပေးပါ။ အနံ့အရသာ မိမိလိုသလို ဖြည့်စွက်ပြီးနောက် အဆိုပါ ကြက်ဥအာလူးအနှစ်ကို ပေါင်မုန့် ၂ ချပ်ကြားထဲသို့ ခပ်ထူထူ ဖြန့်ခင်းထည့်ကာ အလယ်မှ ကန့်လန့်ဖြတ်လှီးပြီးပါက အာဟာရပြည့်ဝသော ကြက်ဥအာလူး Sandwich ကို သခွားသီး (သို့) ဆလပ်ရွက်တို့ဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.