fbpx

Side Dish Main Dish Snack

ဆားဘဲဥ U.S. အာလူးချောင်းကြော်

  • Ready Time: 25min
    No Reviews
  • Prep Time: 15min
    Cook Time: 10min
  • Cuisine: AsianThai
  • Serves: 4
    Prep Method: Stir Fry
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S အေးခဲအာလူးချောင်း (Shoestring Cut) - ၅၀၀ ဂရမ်
  • ဆားဘဲဥ − ၂ လုံး
  • ဆားမပါသော ထောပတ်− ထမင်းစားဇွန်း ၁ ဝက်ခန့်
  • နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ − ထမင်းစားဇွန်း ၁ ဇွန်း
  • နို့စိမ်း − ထမင်းစားဇွန်း ၂ ဇွန်းခန့်
  • ပဲငံပြာရည်အကြည် − လက်ဖက်ရည်ဇွန်း ၁ ဝက်
  • ပျဥ်းတော်သိမ်ရွက် − အနည်းငယ်
  • ငြုပ်သီးအနီတောင့် − ၄ တောင့်
  • အာလူးကြော်ရန်ဆီ − မိမိလိုသလောက်

Preparation
Prep Time: 15min | Cook Time: 10min

အာလူးချောင်းကြော် ပြုလုပ်ရန် 

  1. ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  2. ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
  3. အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး ကြွပ်စပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။ 

ပြင်ဆင်ပြုလုပ်ရန်

  1. ဆားဘဲဥအနှစ် နှင့် အကာကို ခွဲထုတ်ပြီး အနှစ်သီးသန့်ကို အသုံးပြုရန် အဆင်သင့်လုပ်ထားပါ။ (ဆားဘဲဥအနှစ်များကို ကြော်ရလွယ်ကူစေလိုပါက ရေနွေးငွေ့ဖြင့် ၁၀ မိနစ်ခန့်ပေါင်းကာ ခြေထားပေးနိုင်ပါသည်။)
  2. ဒယ်အိုးထဲတွင် ထောပတ်များအရည်ပျော်လာလျှင် နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ နှင့် ပျဥ်းတော်သိမ်ရွက်ကို ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ဆားဘဲဥအနှစ်များ နှင့် နို့စိမ်းအနည်းငယ် နှင့် ပဲငံပြာရည်အကြည် အနည်းငယ်တို့ကိုထည့်ပြီး ကြေသွားအောင် မွှေကြော်ပေးပါ။ ပါးပါးလှီးထားသော ငြုပ်သီးအနီအနည်းငယ်ကိုပါ ထည့်မွှေကြော်ပေးပါ။
  3. နောက်ဆုံးတွင် ကြော်ထားသော အာလူးချောင်းကြော်များကိုထည့်ကာ အနှစ်ဖြင့် သမအောင် အသာမွှေကြော်ကာ ပွဲပြင်မည့်ပန်းကန်ထဲသို့ ပြောင်းထဲပြီး ဆားဘဲဥအာလူးချောင်းကြော် မွှေးမွှေးဆိမ့်ဆိမ့်လေးကို ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.