Appetizer
Side Dish
Snack
အာလူးပုစွန်လုံး
Ready Time: 30min
No Reviews
Prep Time: 15min
Cook Time: 15min
Serves: 10 pieces
Prep Method: Fried
Ingredients
ပါ၀င်ပစ္စည်းများ
- Hash Browns - ၁၀အောင်စ
- အေးခဲပုစွန် (သေးငယ်စွာလှီးထားရန်) - ၃အောင်စ
- မိုဇာရဲလားချိစ့် (အတုံးတုံးထားရန်) - ၂အောင်စ
- နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ဆားမပါသောထောပတ် (အရည်ပျော်ထားပါ) - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၃/၄ဇွန်း
- နုပ်နုပ်စဉ်းထားသော နံနံပင် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- စွယ်စုံသုံးဂျုံမှုန့် - ချိန်ခွက် ၁ခွက်
- ပေါင်မုန့်ခြောက်မှုန့် - ချိန်ခွက် ၁ခွက်
- ကြက်ဥ - ၂လုံး
Preparation
Prep Time: 15min | Cook Time: 15min
- ဒယ်အိုးအား ထောပတ်နှင့်ကြက်သွန်ဖြူထည့်ပြီး မီးအလယ်အလတ်ပေးထားပါ။ ပုစွန်ထည့်ပြီး ၃-၄ မိနစ်ခန့် ကြော်ပါ။ ကြက်သားမှုန့်ထည့်ပါ။ ထို့နောက်ဒယ်အိုးထဲမှထုတ်ထားပြီး အအေးခံထားပါ။
- Hashbrown များကိုခြေလိုက်ပြီး ပုစွန်၊ နံနံပင်တို့နှင့် ရောလိုက်ပါ။
- အလုံးလုပ်ရန် ဂေါက်သီးလုံးအရွယ်ခန့်ခွဲထားပြီး အလယ်တွင် ချိစ့်အတုံးကိုထည့်ပါ။
- အာလူးလုံးလေးများကို ဂျုံကပ်ပါ၊ ကြက်ဉအနှစ်ထဲသို့စိမ်ပြီးနောက် ပေါင်မုန့်ခြောက်ကပ်ပါ။
- Air fryer အား ၃၉၀ဒီဂရီဖာရင်ဟိုက်တွင် ကြိုတင်အပူပေးထားပါ။ ထို့နောက် အာလူးလုံးများကို Air fryer ထဲသို့ထည့်ပြီး ၁၀-၁၅ မိနစ်ခန့်ထားပါ။
- အာလူးလုံး ပူပူလေးများကို ငရုတ်သီးဆော့ဖြင့်တည်ခင်းပါ။ (မိမိနှစ်သက်ရာဆော့သုံးနိုင်ပါသည်။)