fbpx

Appetizer Breakfast/Brunch Snack

ခွက်ပုံစံ အာလူးမီးဖုတ်

  • Ready Time: 30min
    No Reviews
  • Prep Time: 15min
    Cook Time: 15min
  • Serves: 4
Share on Print

Description

ဤဟင်းချက်နည်းသည် U.S.Straight Cut အာလူးချောင်းအား ကြက်ဉ၊ ဘေကွန်၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ပင်စိမ်းတို့ဖြင့်ရောထားပြီး မီးဖုတ်ရသောချက်နည်းမျိုးဖြစ် ပြီး ငရုတ်သီး‌ဆော့ဖြင့် တွဲဖက်စားရသောမုန့်ဖြစ်သည်။ ယခုနည်းသည် မနက်စာအတွက်အလွန်သင့် တော်ပြီး ပြုလုပ်ရန်လွယ်ကူသည်သာမက အလွန်အရသာရှိသော သရေစာတစ်မျိုးဖြစ်သည်။

Ingredients

ပါ၀င်ပစ္စည်းများ

  • Straight Cut အေးခဲအာလူး - ၁/၂ ပေါင်
  • ကြက်ဥ - ၂လုံး
  • မှိုင်းတိုက်ဘေကွန် (ခပ်သေးသေးလှီးထား) - ၂ အောင်စ
  • ဟင်းနုနွယ်ရွက် (ခပ်သေးသေးလှီးထား) - ၂ အောင်စ
  • ကြက်သွန်နီ (နုပ်နုပ်စဉ်း) - ၂ အောင်စ
  • ခရမ်းချဉ်သီး (နုပ်နုပ်စဉ်း) - ၂ အောင်စ
  • ပင်စိမ်းရွက် - ၁/၂ အောင်စ
  • ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နို့ - ၁ အောင်စ
  • ဆီ - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆားနှင့်ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်၀က်
  • ထိုင်း/ဗီယမ်နမ် အသင့်စားငရုတ်သီးဆော့ - လိုသလောက်
  • Cupcake လုပ်သောခွက် - ၄ခွက်

Preparation
Prep Time: 15min | Cook Time: 15min

  • Oven အား ၃၅၀ဒီဂရီဖာရင်ဟိုက်တွင် အပူပေးထားပါ။၏
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဘေကွန်တို့အား ဆီပူတွင်ကြော်ပါ။
  • ထို့နောက် ဟင်းနုနွယ်၊ ခရမ်းချဥ်သီး၊ နို့၊ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ပါ။ သမအောင်မွှေကြော်ပြီး နောက် မီးကိုပိတ်လိုက်ပါ။
  • ထိုအရောအနှောထဲတွင် ကြက်ဉများနှင့် ပင်စိမ်းရွက်တို့ကိုထည့်လိုက်ပါ။
  • ခွက်ထဲတွင်အေးခဲအာလူးချောင်းများကို အနည်းငယ်ခြေထည့်လိုက်ပြီး အပေါ်မှ ချက်ထားသည်များ ကို လောင်းထည့်ကာရောပေးပါ။
  • အာလူးခွက်များကို Oven ထဲတွင်ထည့်ကာ ၁၃-၁၅မိနစ်ခန့် မီးဖုတ်ပေးပါ (သို့) အာလူးများ ရွှေညိုရောင်သမ်းလာသည်အထိ မီးဖုတ်ပေးပါ။ မီးဖုတ်ထားသောအာလူးများကို ခွက်ထဲမှထုတ်လိုက်ပြီး ၃-၅ မိနစ်ခန့်အအေးခံထားပါ။
  • ထို့နောက် ချက်ချင်းတည်ခင်းကာ စားသုံးနိုင်ပါပြီ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.