fbpx

Breakfast/Brunch Main Dish

U.S. အာလူးစွန်တန်ဟင်းရည်

  • Ready Time: 20min
    No Reviews
  • Prep Time: 10min
    Cook Time: 10min
  • Cuisine: Asian
  • Serves: 4
    Prep Method: Boiled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S. အေးခဲအာလူးချောင်း (Straight or Crinkle Cut) − 300 ဂရမ်
  • ကြက်ပြုတ်ရည် (သို့) ရိုးရိုးရေသန့် − ၁ လီတာ
  • စွန်တန်ခြောက် − အနည်းငယ်
  • ကြက်သွန်ဖြူ − ၆ မွှာ
  • ငြုပ်သီးစိမ်း − ၅ တောင့်
  • ခရမ်းချဥ်သီး − ၁ လုံး
  • ကြက်သွန်နီ − ၁ လုံး
  • ဆား − လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်
  • သံပုရာရည် − အနည်းငယ်
  • နံနံပင် − အနည်းငယ်

Preparation
Prep Time: 10min | Cook Time: 10min

ပြင်ဆင်ချက်ပြုတ်ရန် 

  1. U.S. အေးခဲအာလူးချောင်းများကို အနေတော် တစ်လုတ်စာ အရွယ် အတုံးလေးများ ဖြစ်အောင် လှီးဖြတ်ထားပါ။
  2. ဂျင်းကို အပြားလိုက်လှီးကာ ဓားပြားရိုက်ပြီး မိမိလိုသလို အရွယ်အစား ပြန်လည်ပိုင်းဖြတ်ထားပါ။
  3. ကြက်သွန်ဖြူ၊ ငြုပ်သီးစိမ်းတို့ကို မညက်တညက်ထောင်းထားပါ။ ခရမ်းချဥ်သီး နှင့် ကြက်သွန်နီ ကို အနေတော်ဆိုဒ် တစ်လုံးစီကို ၁၂ စိတ်စိတ်ခန့်စီထားပါ။ 
  4. ကြက်ပြုတ်ရည် (သို့) ရေသန့် ပွက်ပွက်ဆူလာလျှင် ကြက်သွန်နီ၊ ခရမ်းချဥ်သီးတို့ကိုထည့်ကာ ၃ မိနစ်ခန့်တည်ပေးပါ။  ပြီးလျှင် U.S. အေးခဲအာလူးများကိုထည့်ပြီး ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထည့်လိုက်ပြီး ၂ မိနစ်ခန့်တည်ပေးပါ။
  5. နောက်ဆုံးတွင် စွန်တန်ဖတ်၊ ငြုပ်သီးစိမ်းတို့ကိုထည့်ပြီး ၁ မိနစ်ခန့် ပွက်ပွက်ဆူအောင်တည်ပါ။ ပြီးလျှင် မီးပိတ်ပြီး သံပုရာလိုသလိုထည့်ကာ လိုအပ်ပါက ဆားထပ်ထည့်ပြီး အရသာဖြည့်စွက်ပြီးလျှင် နံနံပင်အနည်းငယ်ဖြူးကာ ချဥ်ငံစပ်အာလူးစွန်တန်ဟင်းရည်လေးကို ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Note: If you can’t find pickled dried mustard/radish leaves in your area, you can leave it out or replace it with any kind of dried pickled leaves.

 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.