fbpx

Appetizer

ကြက်သားနှင့်ဇကာပေါက်အာလူး ချိုချဉ်

  • Ready Time: 35min
    No Reviews
  • Prep Time: 15min
    Cook Time: 20min
  • Serves: 12
    Prep Method: Fried
Share on Print

Description

ဇကာပေါက်အာလူးကြော်ပေါ်တွင် ကြက်ချိုချဉ်ကြော်အား နာနတ်သီးမှည့်၊ ငရုတ်ကောင်းနှင့် ကြက်သွန်နီတို့ကိုဖြူးထားသောဟင်းလျာဖြစ်သည်။

Ingredients

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ - ကြော်ရန်လိုသလောက်
  • ပေါင်မုန့်ခြောက်ကပ်ထားသော ကြက်သာအတုံးသေး - ၂.၂ ပေါင် (၁ကီလိုဂရမ်)
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း (၁၅မီလီလီတာ)
  • ငရုတ်ပွအနီ ( လက်မဝက်အရွယ်လေးများလှီးထားရန်) - ချိန်ခွက် ၂ခွက် (၂၀၀ ဂရမ်)
  • ငရုတ်ပွအစိမ်း (လက်မဝက်အရွယ်လေးများလှီးထားရန်) - ချိန်ခွက် ၁ခွက် (၁၅၀ ဂရမ်)
  • ကြက်သွန်နီ (ပါးပါးလှီးထားရန်) - ချိန်ခွက် ၁ခွက် (၁၅၀ ဂရမ်)
  • နာနတ်သီး (အတုံးတုံးထားရန်) - ချိန်ခွက် ၂ခွက် (၃၀၀ ဂရမ်)
  • ချိုချဉ်ဆော့ (ပြင်ဆင်ထားပြီး) - ချိန်ခွက် ၃/၄ခွက် (၁၈၀ မီလီ ဂရမ်)
  • အေးခဲဇကာပေါက်အာလူး - ၂.၂ ပေါင် (၁ ကီလိုဂရမ်)
  • ပင်လယ်ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နှမ်းစေ့ - လက်ဖက်ရည်ဇွန်း ၁ဇွန်း

Preparation
Prep Time: 15min | Cook Time: 20min

  • အကြော်စက်အား ၃၅၀ ဒီဂရီဖာရင်ဟိုက် (၁၇၆ ဒီဂရီစင်တီ)တွင် ကြိုတင်အပူပေးထားပါ။ ကြက်သားတုံးလေးများအား ၇-၈ မိနစ်ခန့် (သို့) ကြက်သားအပူချိန် ၁၆၅ ဒီဂရီဖာရင်ဟိုက် (၇၄ ဒီဂရီစီ) ဖြစ်သည့်အထိ ကြက်သားများရွှေညိုရောင်သမ်းလာသည်အထိ ကြော်ပါ။ ကြက်သားများကိုဆယ်ထားပြီး နွေးသည်အထိထားပါ။
  • ဟင်းသီးဟင်းရွက်များကိုကြော်ရန် ဒယ်ပြားထဲတွင် နှမ်းဆီကိုအပူပေးပါ (သို့) ဒယ်အိုးအား အပူချိန် မြင့်မြင့်ပေးပါ။ ငရုတ်သီးများနှင့်ကြက်သွန်များကိုထည့်ကာ ၃-၅ မိနစ်ခန့် မွှေပါ (သို့) ဟင်းသီးဟင်းရွက် များနွမ်းသည်အထိကြော်ပေးပါ။ ထို့နောက် နာနတ်သီးများကိုထည့်မွှေပြီး သပ်သပ်ဖယ်ထားပါ။
  • ချိုချဉ်ဆော့စ့်ကို အပူပေးပြီး သပ်သပ်ဖယ်ထားပါ။
  • ဇကာပေါက်များကိုကြော်ရန် ဟင်းရွက်ဆီအား ၃၇၅ ဒီဂရီဖာရင်ဟိုက် (၁၉၀ ဒီဂရီစီ) သို့အပူပေးထား ကာ ၄-၆ မိနစ်ခန့်ကြော်ပါ (သို့) ၎င်းအာလူးများရွှေညိုရောင်သမ်းလာကာ ကြွပ်လာသည်အထိကြော်ပါ။ အာလူးများကိုဆီစစ်ထားပြီး ဇလုံတစ်ခုထဲသို့ထည့်ထားပါ။ ဆားဖြင့်အရသာဖြူးပါ။ ထို့နောက် တည်ခင်းရန် ပန်းကန်လုံးတစ်ခု (သို့) ပန်းကန်ပြားတစ်ခုထဲတွင် ထည့်ပါ။
  • ထိုအာလူးများပေါ်တွင် ကြော်ထားသော ဟင်းသီးဟင်းရွက်များနှင့် နာနတ်သီးများကိုလောင်းထည့် ပါ။ ကြက်သားကြော် ကြွပ်ကြွပ်လေးများကိုထည့်ပါ။ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များပေါ်သို့ ချိုချဉ်ဆော့စ့် ဆမ်းပါ။ အပေါ်မှ နှမ်းစေ့များဖြူးပါ။ ချက်ချင်းတည်ခင်းကာ စားသုံးပါ။

Nutrition

Calories420
Fat21g
Sodium1250mg
Carbohydrates50g
Fiber1g
Protein19g
Potassium440mg
Sugar10g

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.