fbpx

Main Dish

အာလူးတုံးနှင့်ဝက်နံရိုးချိုချဉ်

  • Ready Time: 40min
    No Reviews
  • Prep Time: 10min
    Cook Time: 30min
Share on Print

Ingredients

ပါ၀င်ပစ္စည်းများ

  • နံရိုးနု - ၂၅၀ ဂရမ်
  • U.S. Tater Tots - ၁၀၀ ဂရမ်
  • ကြက်ဥ - ၁လုံး
  • ပြောင်းဖူးကော်မှုန့် - ၁၀ ဂရမ်
  • ရှာလကာရည် - ၂၀ ဂရမ်
  • သကြားခဲ - ၁၀ ဂရမ်
  • ကြက်သွန်နီ - ၁၀ ဂရမ်
  • ဂျင်း - ၁၀ ဂရမ်
  • ပဲငံပြာရည် (အကြည်) - ၁၅ ဂရမ်
  • ပဲငံပြာရည် (အနောက်) - ၅ ဂရမ်
  • ဆား - ၁၀ ဂရမ်
  • ဆီ - သင့်တော်ရုံ

Preparation
Prep Time: 10min | Cook Time: 30min

  • အာလူးများကို  ၁၈၀ဒီဂရီစီတင်ထိ အပူပေးထားသောဆီထဲတွင် ၃မိနစ်ခန့် ထည့်ကြော်ပါ။
  • နံရိုးနုများကို ဆားဖြင့်နယ်ပါ။ ကြက်ဉနှင့် ပြောင်းဖူးကော်မှုန့်အား ရောမွှေကာ အနှစ်ပြုလုပ်ပြီး နံရိုးများကို ထိုအနှစ်ထဲသို့ထည့်ပါ။
  • ထို့နောက် နံရိုးများကို ကျက်သည်အထိကြော်ပါ။
  • ကျန်သောဆီနှင့် ကြက်သွန်နီ၊ ဂျင်းတို့ကို အနံ့မွှေးလာသည်အထိကြော်ပေးပါ။ ထို့နောက် ကြော်ထားသော နံရိုး၊ ရှာလကာရည်၊ သကြားခဲ၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်တို့ကို အရသာအတွက်ထည့်ပြီး အရသာ၀င်ပြီဆိုပါက ကြော်ထာသောအာလူးတုံးလေးများကို ရောကာ အနည်းငယ်ထပ်ကြော်ကာ တည်ခင်းပါ။ 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.