fbpx

Main Dish

U.S. Instant Mashed Potato နှင့် ဆားဘဲဥအရည်သောက်

  • Ready Time: 40min
    No Reviews
  • Prep Time: 20min
    Cook Time: 20min
  • Cuisine: Asian
  • Serves: 3-4
    Prep Method: Boiled
Share on Print

Ingredients

ဖက်ထုပ်လုပ်ရန်

  • U.S. Instant Mashed Potatoes (‌ရေနွေးဖြင့် ပျှစ်လာသည်အထိသေချာမွှေပါ) - ထမင်းစားဇွန်း ၃ ဇွန်း
  • ဆားဘဲဥအနှစ် (ချေထားပါ) - ၅ လုံး
  • တောက်တောက်စင်း ဝက်သား - ၃၀၀ ဂရမ်
  • ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ) - ၂ တက်
  • ခပ်နုတ်နုတ်စင်းထားသော (သို့) ခြစ်ထားသော ချင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် (လှီးထားပါ) - ၃ ပင်
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား - အနည်းငယ်
  • ကြိတ်ထားသော ငရုတ်ကောင်းဖြူ - အနည်းငယ်
  • ဖက်ထုပ်ဖတ်များ - ၄၈ ရွက်

အရည်သောက်လုပ်ရန်

  • ကြက်ပြုတ်ရည် - ၂ ၁/၂ ခွက် (လီတာ)
  • ကြက်သွန်မြိတ်အကြီး (ထက်ဝက်ဝက်ထားပါ) - ၄ ပင်
  • ချင်း (ခပ်ပါးပါးလှီးထားပါ) - ၁ လက်မအရွယ်
  • ကြက်သွန်ဖြူ (ဖိချေထားပါ) - ၅ တက်
  • ဆန်ဝိုင် - ၁/၂ ထမင်းစားဇွန်း
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်' ၂ ဇွန်း
  • ဆား နှင့် ကြိတ်ထားသော ငရုတ်ကောင်းဖြူ - အနည်းငယ်

Ingredients for the soup

  • ထိုင်ဝမ်မုန့်ညှင်းထုပ် (အရွယ်ပေါ်မူတည်ပြီး လေးပိုင်းပိုင်းထားပါ) - ၆ ထုပ်
  • မုန့်လာဥနီ (ခပ်ပါးပါးလှီးထားပါ) - ၁ ဥ
  • ကြက်သွန်မြိတ်၊ ပါးပါးလှီးထားပါ - ၂ ပင်
  • အရသာကဲစေဖို့ ကြိတ်ထားသော ငရုတ်ကောင်း ထည့်ရန်

Preparation
Prep Time: 20min | Cook Time: 20min

ပြုလုပ်ရန်

  • ၁။ ဇလုံအကြီးထဲ တောက်တောက်စင်းဝက်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ၊ ဆားဘဲဥ၊ အာလူးထောင်း၊ ဆား၊ ငရုတ်ကောင်း။ အားလုံး ချောမွေ့သော အနှစ်အထိရအောင် သေချာ‌ရောမွှေပါ။
  • ၂။ ဖက်ထုပ်ရွက်များခြောက်မသွားအောင် ဖက်ထုပ်ကိုအထုပ်နဲ့ထည့်ပြီးထားပါ (သို့) လက်သုပ်ပုဝါဖြင့်အုပ်ထားပါ။ ပြီးလျှင် ဇလုံအသေးဖြင့် ရေထည့်ထားပါ ကော်အဖြစ်သုံးလို့ရအောင်ပါ။
  • ၃။ ဖက်ထုပ်ရွက်ရဲ့ အလည်တည့်တည့်မှာ ဆားဘဲဉအာလူးအနှစ်တင်ပါ၊ ပြီးလျှင် ဖက်ထုပ်ရွက်နှူတ်ခမ်းသားတွေကို ရေဖြင့်သုပ်ပြီး ထိပ်ချွန် ချင်းထိပြီးပိတ်လိုက်ပါ။ လေခိုနေတာများရှိလျှင် ထုပ်ပြီး သေချာ နှူတ်ခမ်းသားများကို သေချာပိတ်ပါ။ အဲအတိုင်းလေးထားလို့ရသလို၊ စိုနေသောညာဘက်အစွန်းစကို ဘယ်ဘက် အစွန်းစပေါ်တင်ပြီး အစနှစ်ခုဆုံရာကိုသေချာဖိပြီးပိတ်ပါ။ လှပကောင်းမွန်နေစရာမလိုပါ ဖက်ထုပ်များ ပြုတ်လိုက်လျှင် တွန့်လိမ်သွား တတ်ပါသည်။
  • ၄။ အရည်သောက်လုပ်ရန် အိုးအကြီးထဲ ကြက်ပြုတ်ရည်၊ ကြက်သွန်မြိတ်ကြီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆန်ဝိုင်၊ နှမ်းဆီ နှင့် ပဲငံပြာရည်အကြည် များထည့်ပါ။ ရေပွက်ပွက်ဆူအောင်တည်ပါ၊ ပြီးလျှင် မီးလျှော့ပါ၊ ၁၅ မိနစ်လောက် ဆူရုံလေးတည်ပါ။ ပြီးလျှင် အရည်ကိုဇကာနှင့် စစ်ပြီး အဖတ်များ ဖယ်ရှားလိုက်ပါ။ စစ်ထားသော ကြက်အရည်ထဲ မုန်လာဥနီ ထည့်ကာ နူးအိပြီး ဆူအောင်တည်ပါ၊ ပြီးလျှင် ထိုင်ဝမ်မုန့်ညှင်းထုပ် များထည့်ပြီး ၅ မိနစ်လောက် အရွက်များနွမ်းလာသည်အထိတည်ပေးပါ၊ ဒါပေမယ့် အကျွတ်ပျောက်အောင်ထိမထားရပါ။ ဆား နှင့် ငရုတ်ကောင်းဖြူများထည့်ပြီး အရသာဖြည့်ပါ။
  • ၅။ ‌ရေဆူအောင်တည်ပါ။ ပြီးလျှင် ဖက်ထုပ်များ တစ်သုတ်စီထည့်ပြီး ပြုတ်ပါ၊ အောက်မကပ်အောင် ခပ်ဖွဖွမွှေပေးပါ။ အရမ်းအိုးကြပ်အောင် မထည့်တာကောင်းပါတယ်။ ဖက်ထုပ်များကျက်လျှင် ‌‌ရေပေါ် ပေါ်လာဖို့အတွက် နေရာလိုပါသည်။
  • ၆။ ဆူအောင် ၂ -၃ မိနစ်လောက်တည်ပါ၊ ဖက်ထုပ်ရွက်များ အရောင်ကြည်လာပြီး ‌ရေပေါ် ပေါ်ပါသည်။
  • ၇။ သုံးဆောင်ရန် ပုကန်လုံးထဲ အသီးအရွက် နှင့် ဖက်ထုပ် ထည့်ပြီး ကြက်ပြုတ်ရည်ကို ဇွန်းခွက်ကြီးဖြင့် လောင်းထည့်ပါ။ အပေါ်မှ ကြက်သွန်မြိတ် နှင့် ငရုတ်ကောင်းအနက် အနည်းငယ်ဖြူးစားပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.