fbpx

Appetizer Main Dish

U.S. Crinkle Cutနှင့် ခရမ်းချဉ်သီးဆော့ မက်ကရယ်ငါးသေတ္တာအသုပ်

  • Ready Time: 30min
    No Reviews
  • Prep Time: 5min
    Cook Time: 25min
  • Cuisine: Asian
  • Serves: 3-4
    Prep Method: Baked
Share on Print

Ingredients

  • U.S. Frozen Crinkle Cut - ၁ခွက်
  • ခရမ်းချဉ်သီးဆော့ မက်ကရယ်ငါးသေတ္တာ - ၁ ဘူး (၁၅၅ ဂရမ်)
  • နံနံပင် (ခပ်ကြမ်းကြမ်းလှီးထားပါ) - ၂ ပင်
  • ငရုတ်ကောင်းနက် - အနည်းငယ်
  • သံပုရာသီး (အရည်) - ၁ လုံး
  • ဆားပန်းရောင် - အနည်းငယ်
  • ငရုတ်သီးစိမ်း (အစေ့ထုတ် ၊ ခပ်ကြမ်းကြမ်းလှီးထားပါ) - ၂ တောင့်
  • ဆလတ်ရွက် (ခပ်ကြမ်းကြမ်းလှီးထားပါ) - ၁/၂ ခွက်
  • ကြက်သွန်နီကြော် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ခရမ်းချဉ်သီး (အစေ့ထုတ်၊ ပါးပါးအရှည်လှီးထားပါ) - ၁ လုံး
  • သံလွင်ဆီ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း

Preparation
Prep Time: 5min | Cook Time: 25min

ပြုလုပ်နည်း 

  • ၁။ ဇလုံအကြီးထဲ အေးခဲနေသော U.S. Crinkle Cut များထည့်ပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်ပြီး ‌ရောသမမွှေပေးပါ။ ဆီဖျန်းတဲ့ oil spray သုံးချင်လဲ သုံးလို့ရပါတယ်။
  • ၂။ အာဗင်ကို ၂၀၀°စင်တီ ထားပါ။ အကင်ဘန်းထဲ သံချောင်းအကင်တန်းများတင်ပါ။ အာလူးချောင်းများကို သေချာဖျန့်တင် ပြီး ၁၅ – ၁၈ မိနစ်လောက် ကင်ပါ။ ကင်တာလဲ အပူချိန်နှင့် သုံးသောအာဗင်ပေါ်မူတည်ပါတယ်။ အာလူးချောင်းများ ရွှေ‌ရောင်သန်းပြီး ကြွပ်ရွလာလျင် အာဗင်ထဲမှ ထုတ်ပြီး အအေးခံထားပါ။
  • ၃။ ဇလုံအကြီးထဲ ခရမ်းချဉ်သီးဆော့ မက်ကရယ်ငါးသေတ္တာအတုံးများကို အတုံးသေးလေးတွေချေလိုက်ပါ။ ပြီးလျင် ကြက်သွန်ကြော်ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပါ။ ခတ်ဖွဖွ လက်ဖြင့်နယ်ပါ။ အရသာမြည်းပြီး ဆား၊ ငရုတ်ကောင်း၊ အချဉ် နှင့် ဆီ များလိုလျင်ထပ်ထည့်နိုင်ပါသည်။ သုံးဆောင်ရန်ပုကန်ထဲထည့်ပြီး အပေါ်မှ ကြက်သွန်နီကြော်များဖြူးပြီး ချက်ချင်းစားပေးပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.